Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နယူးဇီလန် ခေါင်းဆောင် ဂျက်စီဒါ အာဒရန် လာမည့် ရွေးကောက်ပွဲမတိုင်မီ နှုတ်ထွက်မည်

ABN – သူရမောင်

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စီဒါ အာဒရန်သည် လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်းနှင့် ရက်သတ္တပတ်အတွင်း ခေါင်းဆောင်သစ်အတွက် ကိုယ်စားဆောင်ရွက်ပေးနေဦးမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် အာဒရန်က အလုပ်သမားရေးရာဝန်ကြီးချုပ်အသစ်က အစဉ်အလာအတိုင်း ကျမ်းသစ္စာကျိန်ဆိုမည့်အချိန် သူမ၏ သက်တမ်းမှာ ဖေဖော်ဝါရီလတွင် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မဘာသာဆုံးဖြတ်ချက်ချလိုက်တာပါ၊ နိုင်ငံတစ်ခုကို ဦးဆောင်တယ်ဆိုတာက လူတွေလုပ်ဖူးသမျှထဲမှာ အခွင့်သာဆုံးအလုပ်တစ်ခုပါ၊ ဒါပေမဲ့ စိန်ခေါ်မှုကလည်း တကယ့်ကို များပါတယ်၊ တကယ်လို့ ရှင့်မှာဘာအရည်အချင်းမှ မရှိရင်တော့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်တဲ့အလုပ်ကို လုပ်နိုင်မှာအဟုတ်သလို လုပ်လည်းမလုပ်သင့်ပါဘူး၊ ပြီးတော့ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေနဲ့ အစီအစဉ်မကျတာတွေကိုလည်း ပြန်ကြည့်သင့်တယ်လေ” ဟု ၎င်းကဆိုသည်။

“တရားမျှတမှုတစ်ခုကို လုပ်ဖို့ ကျွန်မလည်း အရည်အချင်းမပြည့်မီခဲ့ပါဘူး” ဟု ထပ်ပြောခဲ့သည်။

သူမအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ လုံးလုံးခြားခြား နှုတ်ထွက်ရမည်လော၊ ဆက်လုပ်ရမည်လောဟူသည့် သံသယကိုကို သံသယအကင်းဆုံးဖြစ်အောင် ဆုံးဖြတ်ချက်ချနိုင်ခဲ့ကြောင်း ၂၀၂၂ခုနှစ် နှစ်အကုန်ပိုင်းက ပြောကြားခဲ့သည်။

သို့သော် “ဒီကိစ္စက ခက်တော့ ချက်ချင်းကြီးတော့ နှုတ်မထွက်သေးပါဘူး၊ ဖြစ်လာရင်လည်း အလုပ်က ၂ လလောက်တော့ ခဏထွက်ရှောင်နေဖို့ ရှိပါတယ်” ဟု ကိုဗစ်ကူးစက်မှုစာရင်း၊ ၂၀၁၉ ခုနစ်အတွင်းက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ခရစ်ယာဉ်ဘုရားကျောင်းကိစ္စနှင့် ကျွန်းဖြူဟုလည်း လူသိများသည့် Te Puia o Whakaari၏ လူသေအပျောက်များခဲ့သည့် စာရင်းအပါအဝင် လက်ရှိရင်ဆိုင်နေရသည့် အစိုးရ၏ စိန်ခေါ်မှုပုံစံအမျိုးမျိုးတို့ကို စာရင်းပြုစုနေစဉ်အတွင်း ပြောကြားခဲ့သည်။

အာဒရန်အနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် ကလေးသူငယ် ဆင်းရဲငတ်မွတ်မှုဆိုင်ရာ ဥပဒေရေးဆွဲရေးအပါအဝင် ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် သူမ၏ သက်တမ်းကာလအတွင်း ထိပ်တန်းအောင်မြင်မှုများ ရရှိခဲ့သည်။ “ကျွန်မကတော့ ကျန်နေသေးတဲ့ ဒီတစ်နှစ်ခွဲကာလမှာ စိန်ခေါ်မှုတွေအများကြီး ရှိနေတာကို မလိုချင်တော့ပါဘူး၊ အဲဒါက ကိုယ်တိုးတက်ဖို့အတွက်လည်း ဖြစ်ပါတယ်” ဟု သူမကပြောခဲ့သည်။

New Zealand’s Victoria University of Wellingtonမှ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဘရေ့စ် အက်ဒ်ဝါးဒ်က အာဒရန်၏ နှုတ်ထွက်မှုမှာ လှုပ်လှုပ်သဲသဲဖြစ်သွားစေခဲ့သော်လည်း အံ့ဩစရာတစ်ခုမဟုတ်ကြောင်း ပြောခဲ့သည်။

“သူမက ကမ္ဘာတစ်ဝန်းလုံးမှာ အောင်မြင်မှု ရနေတဲ့သူတစ်ဦးဖြစ်ချင်ဖြစ်နေပါတယ်၊ ဒါပေမဲ့ သူ့အစိုးရကတော့ ရှုံးနေပါပြီ၊ နယူးဇီလန်နိုင်ငံရဲ့ နောက်ထပ် အထွေထွေရွေးကောက်ပွဲကလည်း လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

 နိုင်ငံရေး တစ်ဟုန်ထိုးမြင့်တက်လာခြင်း

အာဒရန်မှာ သူမအသက် ၃၇ နှစ်အရွယ် ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည့်အခါ သူမအနေဖြင့် နယူးဇီလန်နိုင်ငံ၏ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့သည့်အပြင် ကမ္ဘာ့အသက်အငယ်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ တစ်နှစ်တာကာလအတွင်း ရုံးတွင် ကလေးမွေးဖွားခဲ့သည့် တစ်ဦတည်းသော ကမ္ဘာ့ဒုတိယ အမျိုးသမီး ခေါင်းဆောင်ဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် သူမအနေဖြင့် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အာ ဒရန်သည် သူမ၏ ဖျတ်လတ်သွက်လက်မှု၊ နိုင်ငံရေးကဏ္ဏသို့ ကိုယ်ချင်းစာစိတ်ရှိရှိ ချည်းကပ်မှုတို့ကြောင့် နိုင်ငံတကာ နိုင်ငံရေးစင်မြင့်ပေါ်တွင် ဆုရရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း နယူးဇီလန်နိုင်ငံအတွက် သူမ၏ ကျော်ကြားမှုမှာ သတိထားစရာ တစ်ခုဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ် နှောင်းပိုင်း ရွေးကောက်ပွဲစစ်တမ်းများအရ ၂၀၁၇ ခုနှစ် အာဒရန်အနနေဖြင့် အစိုးရတာဝန်ကို စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစကာ သူမနှင့် သူမ၏ labour Partyကို ထောက်ခံမှု အားနည်းလာနေကြောင်း CNN သတင်းဌာနမှ ရေဒီယိုသတင်းအစီအစဉ်တွင် ဖော်ပြခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ အက်ဒ်ဝါ့ဒ်က အာဒရန်၏ ရာထူးမှ နှုတ်ထွက်ရန်ဆုံးဖြတ်ချက်သည် သူမ၏ အရှက်တကွဲဖြစ်စေမည့် ရွေးကောက်ပွဲရလဒ်ကို ရှောင်ရှားလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုနှုတ်ထွက်တာက သူ့ဂုဏ်သတင်းအတွက် အကောင်းဆုံးအရာပါဘဲ၊ ရွေးကောက်ပွဲရှုံးရမှာထက် ကောင်းတဲ့ဘက်ကို ပြောင်းလဲလိုက်ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အက်ဒ်ဝါ့ဒ်က “တရားမျှတရေး ဝန်ကြီး ကီရီအယ်လန်ရယ်၊ အာဒရန်နှင့် အရမ်းရင်းနှီးသည့် ပညာရေးဝန်ကြီး ခရစ်ဟစ်ပန်စ်ရယ်၊ ပြီးတော့ ရဲတွေအကုန်လုံးအပါအဝင် နိုင်ငံရေး ကိုယ်စားလှယ်တွေကို ကြည့်လိုက်မယ်ဆိုရင်တောင် အာဒရန်နေရာကို အစားထိုးဖို့ လူမရှိတာက အသိသာကြီးပါ” ဟု ပြောခဲ့သည်။

ကြာသပတေးနေ့က ကြေညာချက်ကြောင့် ဩစတေးလျ ဝန်ကြီးချုပ် အန်တိုနီယို အက်လ်ဘက်ဆင့်က အာဒရန်သည် ကမ္ဘာကြီးကို ဉာဏ်ရှိရှိဖြင့် မည်ကဲ့သို့ အုပ်ချုပ်ခဲ့ပုံ၊ မည်မျှထိ သန်မာခဲ့ပုံနှင့် သူ့အတွက် မည်မျှအထိ မိတ်ဆွေကောင်းပီသခဲ့သူဖြစ်ကြောင်းကို သူ၏ လူမှုကွန်ယက် တွယ်တာစာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

အာဒရန်က သူမအနေဖြင့် နောက်ထပ် မည်သည့်အလုပ်ကိုလုပ်မည်ကိုမူ အစီအစဉ်ဆွဲထားခြင်း မရှိသေးသော်လည်း ကျန်ရှိနေသည့် အချိန်ကို မိသားစုနှင့်သာ အချိန်ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

အာဒရန်က သူ့ကလေးနှင့် စေ့စပ်ထားသူကို စကားပြောရာတွင် သူမက” နက်ဗ်အတွက် ဒီနှစ်ကျောင်းစဖွင့်တဲ့အချိန်ရောက်ရန် ကလတ်ခ်နှင့် တွေ့ပေးမယ်၊ နောက်မှ လက်ထပ်ကြတာပေါ့” ဟု ပြောသည်။

အာဒရန်အနေဖြင့် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည့် Clarke Gayfordကို ၂၀၁၉ ကတည်းကပင် လုပ်ဆောင်ခဲ့သည်။

CNN သတင်းဌာနမှ New Zealand leader Jacinda Ardern to resign before upcoming election သတင်းကို ABNသတင်းဌာနမှ ဘာသာပြန်သည်။

နယူးဇီလန် ခေါင်းဆောင် ဂျက်စီဒါ အာဒရန် လာမည့် ရွေးကောက်ပွဲမတိုင်မီ နှုတ်ထွက်မည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ