Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နယူးဇီလန်တွင် ရေကြီး၍ အရေးပေါ်အခြေအနေရောက်နေသည်ဟု ကြေညာထား

နယူးဇီလန်တွင် ရေကြီး၍ အရေးပေါ်အခြေအနေရောက်နေသည်ဟု ကြေညာထား

ABN-ရှိုင်းမိုး

နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကစပြီး မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ကာ အော့ကလန်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာထားရကြောင်း သိရသည်။

အော့ကလန်အရေးပေါ်စီမံခန့်ခွဲရေး အရာရှိ Rachel Kelleher က အဓိကအား ဖြင့် မိုးပြင်းပြင်းထန်ထန်ရွာသွန်းခဲ့သည့် အော့ကလန် မြောက်ပိုင်း ဒေသများတွင် ရာသီဥတု သတိပေး ချက်ကို အရေးပေါ် အခြေအနေထုတ်ပြန်ထားရကြောင်း ပြောဆိုသည်။

အမြန်လမ်းများ၊ ရထားနှင့် ပို့ဆောင် ရေးဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရပြီး၊ စာသင်ကျောင်းများကို ပိတ်ထားရကြောင်း သိရသည်။

ထိုသို့ မိုးကြီးရေကြီးမှုကြောင့်

မြေပြိုကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် မည်ကို စိုးရိမ်ရသည့်အတွက် ပြည်သူများအနေနှင့် မလိုအပ်ဘဲ ခရီးလားခြင်းကိုရှောင်ရှားကြရန် အာဏာပိုင်များက တောင်းဆိုထားသည်။

နယူးဇီလန် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး Kieran McAnulty က

ရေကြီး မှုများကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို အစိုးရအထောက်အပံ့များ တိုးမြှင့်ပေးအပ်သွားမည်ဟု ပြောကြားထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ