သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒေသတွင်းပြဿနာများကို ကိုင်တွယ်ဆောင်ရွက်မည့် ဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် အာဆီယံနိုင်ငံများ ကျင်းပ

AB News- ဇန်နဝါရီ ၂၉၊ ၂၀၂၆

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းဆိုင်ရာပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရန် ဆွေးနွေးပွဲ တစ်ရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၉ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ပြုလုပ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသော တင်းမာမှုများ၊ မြန်မာနိုင်ငံအတွင်း ပြင်းထန်လာနေသည့် ပြည်တွင်းစစ်အပါအဝင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေသော နယ်စပ်ပဋိပက္ခတို့ကို အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အလှည့်ကျမြန်မာအရေး အထူးသံတမန်လည်းဖြစ်သည့် ထရီဆာ လာဇရိုက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခြေအနေသည် ယခင်ထက် စိန်ခေါ်မှုများလာနေပြီး ပိုမိုရှုပ်ထွေးကာ အပြန်အလှန်ဆက်နွယ်နေသော အခြေအနေတစ်ရပ် ဖြစ်လာနေကြောင်း ဆိုခဲ့သည်။

အလားတူ အပြည်ပြည်ဆိုင်ရာစည်းမျဥ်းအခြေပြုစနစ် (rules-based order) ကို ဆက်လက်လိုက်နာသွားမည်ဖြစ်ပြီး၊ အကန့်သတ်ထားရှိမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၏ အခြေခံမှုများကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်းဆိုထားသည်။

ထို့ပြင် ယခုအကြိမ်ဆွေးနွေးပွဲကို စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်