သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုံးကျည်တပ်ဖွဲသစ် ဖွဲစည်းမည်ဟု ပါကစ္စတန် ပြော

ဒုံးကျည်တပ်ဖွဲသစ် ဖွဲစည်းမည်ဟု ပါကစ္စတန် ပြော

AB News – သြဂုတ် ၁၅၊ ၂၀၂၅
နွယ်စိုး

ပါကစ္စတန်နိုင်ငံသည် စစ်တပ်၏ ဒုံးကျည်တိုက်ခိုက်ရေးစွမ်းရည်များကို ကြီးကြပ်ကွပ်ကဲရန်အတွက် ကြည်းတပ် ဒုံးကျည်တပ်ဖွဲ အမည်ပေးထားသော တပ်ဖွဲသစ်တစ်ခုကို ဖွဲစည်းမည်ဟု ကြေညာခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ တပ်ဖွဲသစ်သည် သမားရိုးကျတိုက်ပွဲများ ဖြစ်ပွားလာပါက ဒုံးကျည်စွမ်းရည်များကို အဓိကကြီးကြပ်ကိုင်တွယ်သွားမည်ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် (Shehbaz Sharif) က ၎င်းတို၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ မတိုင်မီ ဩဂုတ်လ ၁၃ ရက်နေ့တွင် ယခုအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

၎င်းက တပ်ဖွဲသစ်သည် ခေတ်မီနည်းပညာများ တပ်ဆင်ထားမည်ဖြစ်ပြီး ရန်သူများကို ဘက်ပေါင်းစုံမှ ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်လည်း ဤတပ်ဖွဲသစ်ကို ထူထောင်ခြင်းသည် ပါကစ္စတန်၏ သမားရိုးကျစစ်ပွဲစွမ်းရည်ကို ထပ်မံမြှင့်တင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သိုသော် ဝန်ကြီးချုပ် ရှရစ်ဖ်က ဤတပ်ဖွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရမူ ၎င်းတပ်ဖွဲသစ်သည် ဒုံးကျည်ဖြန့်ကျက်ချထားမှုနှင့် တိုက်ခိုက်မှုများကို ကိုယ်ပိုင်ကြီးကြပ်ခွင့် ရရှိလိမ့်မည် ဖြစ်သည်။

၁၉၄၇ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တိုသည် ပြိုင်ဘက်များအဖြစ် ရှိနေခဲ့ပြီး ၎င်းတို၏ စစ်ရေးစွမ်းရည်များကိုလည်း အဆင့်မြှင့်တင်ခဲ့ကြသည်။

ယခုနှစ် ဧပြီလတွင် အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကာ မေလတွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း