Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုတိယမြောက် လင်းတ

ဒုတိယမြောက် လင်းတ

ABN – ကျော်ဇံ (ဘာသာပြန်ဆိုသည်)

ဇွန်လ (၁၁) ရက်၊ ၂၀၂၃

၁၉၉၀ ပြည့်နှစ်များအတွင်းက အစာရေစာငတ်ပြတ်ပြီး သေလုနီးပါးဖြစ်နေသော မိန်းကလေးငယ်တစ်ဦးကို စားရန် စောင့်နေသော လင်းတ တစ်ကောင်၏ ဓာတ်ပုံမှာ အလွန်ပင်ပျံနှံခဲ့သည်။ ထိုဓာတ်ပုံကို ကယ်ဗင်ကာတာ အမည်ရှိ တောင်အာဖရိက ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆူဒန်နိုင်ငံရှိ ၁၉၉၃/၁၉၉၄ ကပ်ဘေးကာလ အတွင်း ရိုက်ယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကယ်ဗင် ကာတာ မှာ အလွန်အံ့သြဖွယ် မြင်ကွင်းကို ရိုက်ကူးနိုင်ခဲ့သဖြင့် ပူလစ်ဇာ ဆုကို ဆွတ်ခူးခဲ့သည်။

သို့သော်လည်း ကယ်ဗင်ကာတာမှာ သူ့လုပ်ဆောင်ချက်ကို ကြည်နူးပီတိဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ သတင်းမီဒီယာများက သူ့၏ အလွန်ထူးခြားသည့် ဓာတ်ပုံပညာ အရည်အသွေးအတွက် ချီးကျူးထောပနာ ပြုကြပြီးနောက် သူ၏ အောင်မြင်မှု၊ ကျော်ကြားမှုကို ကြာကြာ မခံစားနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် သူသည် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ကယ်ဗင်ကာတာ စိတ်ဓာတ်ကျရခြင်း အကြောင်းမှာ အင်တာဗျူးတစ်ခုအတွင်း လူတစ်ယောက်က သူ့ကိုဖုန်းခေါ်ခဲ့ပြီး သူဓာတ်ပုံရိုက်ယူခဲ့သော မိန်းကလေး ဘာဆက်ဖြစ်သွားလဲ ဟု မေးမြန်းရာတွင် သူက “ကျွန်တော် အဲဒီဓာတ်ပုံရိုက်ပြီးနောက် လေယာဥ်အမှီသွားရမှာ ဖြစ်တဲ့အတွက် ကျွန်တော် မစောင့်ခဲ့တော့ဘူး” ဟု ရိုးရှင်းစွာပင် ပြန်ဖြေသည်။ ထိုအခါ ဖုန်းခေါ်သူက ဆက်၍ “အဲဒီနေ့က လင်းတ နှစ်ကောင် ရှိခဲ့တယ် လို့ ခင်ဗျားကို ပြောရင်ရော။ တစ်ကောင်မှာက ကင်မရာတစ်လုံးရှိတယ်လေ” ဟု ပြောခဲ့သည်။

ထို့ကြောင်ပင် ကယ်ဗင်မှာ ထိုအကြောင်းကို ဆက်တိုက်တွေးတောနေခဲ့ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို သေကြောင်းကြံခဲ့သည် အထိ ဖြစ်ခဲ့သည်။ ကယ်ဗင်ကာတာ သာ ထိုမိန်းကလေးကို ကောက်ယူခဲ့ပြီး အနည်းဆုံး ထိုမိန်းကလေးကို လုံခြုံစေမည့် ကုလသမဂ္ဂ ကျွေးမွေးရေး စင်တာသို့ ခေါ်ယူသွားခဲ့ပါလျှင် ကယ်ဗင်မှာ ယနေ့အချိန်ထိ အသက်ရှင်သန်ပြီး ပို၍ပင် အောင်မြင်ကျော်ကြားနေပါလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းသည့်အချက်မှာ ယနေ့အချိန်တွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်နေကြသည်။ ကမ္ဘာကြီးမှာ သူတပါးကို ထိခိုက်စေသည့် လူမဆန်သည့် လုပ်ရပ်များ၊ မိုက်မဲ့သည့် လုပ်ရပ်များကိုသာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကျင်းပတတ်ကြသည်။ ကယ်ဗင်ကာတာသည် ထိုမိန်းကလေးကို ခေါ်ယူနိုင်ခဲ့သော်လည်း သူမခေါ်ခဲ့ပေ။ သူသည် ဤမြင်ကွင်းကို ရိုက်ယူနိုင်သည့် အချိန်ရှိပြီး ထိုမိန်းကလေး၏ အသက်ကို ကယ်ယူဖို့ အချိန်မရှိခဲ့ ဟု ဆိုသည့် အချက်က လူမဆန်သည့် လုပ်ရပ်ပင် ဖြစ်သည်။

ဘဝ၏ ရည်ရွယ်ချက်သည် လူအများ၏ ဘဝကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်သည် ဆိုသည့် အချက်ကို ကျွန်ုပ်တို့ အားလုံးနားလည်ထားရမည်ပင် ဖြစ်သည်။ သင်လည်းပဲ လင်းတ တစ်ကောင်ဖြစ်နိုင်သည်။ မည်သည့် အလုပ်ကိုပင်လုပ်လုပ် လုပ်ဆောင်ချက်တစ်ခုမှ အကျိုးဖြစ်ထွန်းမှုကို မရယူမီ လူသားဆန်မှု ကို ဦးစားပေးရမည် ပင် ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်သည့် အရာတိုင်းတွင် လူသားများအတွက် ကောင်းကျိုးမည်ကဲ့သို့ ဖြစ်ထွန်းမည်၊ တခြားသူများအတွက် အမြဲတမ်း စဥ်းစားထည့်တွက်ရန် လိုအပ်သည်။ ထို့ကြောင့်ပင်လျှင် အသိပညာဗဟုသုတ၊ ချမ်းသားကြွယ်ဝမှု၊ အောင်မြင်ကျော်ကြားမှု၊ အရည်အချင်း၊ ရာထူးဂုဏ်သိမ်တို့ကို ရှာဖွေကြသည့်အခါ ထိုအရာများကို လူမှုပတ်ဝန်းကျင်နှင့် လူအများအတွက် မည်ကဲ့သို့ အကျိုးရှိအောင် အသုံးပြုမည် ဆိုသည်ကို စဥ်းစားပေးရန် လိုအပ်ပါသည်။

Ref – a Pulitzer-winning Photographer’s Suicide / Tarabull’s The Second Vulture

ထင်မြင်ယူဆချက်‌‌ပေးရန်