
ABN-ရှိုင်းမိုး
မလေးရှားတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများအား UNHCR မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းထုတ်ပေးခြင်းများကို လာမည့် ဧပြီလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းရေးများကို ပြုလုပ်ရန်ရှိသည့်အတွက်ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားသည့် ဒုက္ခသည်များနှင့် ခိုလုံခွင့်တောင်းသူများကို မေလ ၁ ရက်နေ့က စတင်ပြီး ပြန်လည် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါရှိသည်။
မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းထုတ်ပေးခြင်းများမှအပ တစ်ခြားသော ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး VerifyPlus Appနှင့် ကဒ်စိစစ်ခြင်းများကိုလည်း ပိတ်ထားသည့်ကာလများတွင်လည်း စာရွက်စာတမ်းများကိုစိစစ်နိုင်ရန် သုံးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပါရှိသည်။