သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒီမော့ဆိုရှိ ဘိန်းစိုက်ခင်းများကို KNDF ဖျက်ဆီး

AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘမ်းခြမ်း လမ်းမကြီးဘေးတွင်ရှိသည့် ဘိန်းစိုက်ခင်းများကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ လာရောက်တိုင်ကြားမှုများကြောင့် ထိုဘိန်းစိုက်ခင်းများကို  ဝင်ရောက်ဖျက်ဆီးခဲ့ရ ကြောင်း KNDF ၏ ဗျူဟာ ၄ ဗျူဟာမှူးက မီဒီယာများတွင် ပြောဆိုထားသည်။

ဘိန်းစိုက်ခင်းများအား မဖျက်ဆီးမီ KNDF မှ ဘိန်းစိုက်ပျိုးမှုများနှင့် ပတ်သက်၍ ကန့်သတ်တားမြစ်စာများ ထုတ်ပြန်ထားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစ၍ ဒီမော့ဆိုမြို့ အနောက်ဖက်ခြမ်း၊ လွိုင်းနန်းဖမြို့နယ်များတွင်း ဘိန်းစိုက်ပျိုးခြင်းကို တားမြစ်ထားပြီး လာမည့်နှစ်များတွင်လည်း ၎င်းမြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှုကို တားဆီး၊ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း KNDF က ဆိုသည်။

တစ်ဖက်တွင်လည်း ဘိန်းစိုက်ပျိုးမှု ချက်ချင်းရပ်ဆိုင်းခြင်းမှာ စစ်ရေးပဋိပက္ခနှင့် စီးပွားရေးအကြပ်အတည်း များကို ရင်ဆိုင်နေရသည့် ဒေသခံများအတွက် အခက်အခဲစိန်ခေါ်မှုများ ဖြစ်ပေါ်နိုင်သည်ဟုဆိုကာ ဒေသတွင်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်းသိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်လာပြီး ကရင်နီပြည်နယ်၌ ဘိန်းစိုက်ပျိုးမှု ၂၁ ရာခိုင်နှုန်းအထိမြင့်တက် လာကြောင်း သိရသည်။

ဒီမော့ဆို #ဘိန်းစိုက်ခင်း #KNDF #ကရင်နီ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက် ခဲယမ်းမျိုးစုံနှင့် စစ်ရေး အကူအညီများရရှိခဲ့ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ရှိခဲ့ကြောင်း KNDF တရားဝင်ထုတ်ပြန်