Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒဂုံကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခြင်းခံရသည့်အပေါ် ကန့်ကွက်ကြောင်း နီပေါတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

စစ်ကောင်စီမှ သေဒဏ် ချမှတ်ခဲ့သော ဒဂုံကျောင်းသား( ၇)ဦးအား သေဒဏ်ချမှတ် သည့်အပေါ် ကန့်ကွက်ကြောင်း မနေ့က တနင်္လာနေ့ တွင် နီပေါကျောင်းသားသမဂ္ဂမှ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့သည်ဟု သိရသည်။

၎င်းကျောင်းသားများမှာ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့၌ ကမ္ဘာ့ရတနာဘဏ်၏ တပ်မတော်အရာရှိဟောင်းတစ်ဦး ပစ်ခေတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့က သေဒဏ်ချမှတ်ခံခဲ့ရသည်။

သေဒဏ် ကျခံရသူများမှာ သူရမောင်မောင်၊ ခန့်ဇင်ဝင်း၊ ဇော်လင်းနိုင်၊ သီဟထက်ဇော်၊ ဟိန်းထက်၊ သက်ပိုင်ဦး၊ ခန့်လင်းမောင်မောင်တို့ဖြစ်ပြီး သူတို့အား ရာဇသတ်ကြီးပုဒ်မ (၃၀၂ )(က) ဖြင့် တရားစွဲဆို၍ အင်းစိန်ထောင်ရှိ စစ်ခုံရုံးတွင် သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီက ဝေဇင်ယံ ၊ သူထူးအောင် နှင့် မင်းထက်သာတို့ကို ရန်ကုန်မြို့မြောက်ပိုင်းခရိုင်ရှိ အုပ်ချုပ်ရေးမှူးအားသေနတ်ဖြင့်ပစ်ခတ်သည်ဟု စွပ်စွဲ၍ သေဒဏ်ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ၂ နှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ကောင်စီတပ်စစ်ခုံရုံးမှ သေဒဏ် ချမှတ်ခံရသူ (၁၃၈) ဦးရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ