Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရနေသော ထိုင်းအမျိုးသမီး ၁၄၀ ကို Paveena Fundation for Children and Women ဖောင်းဒေးရှင်း မှ ကယ်ဆယ်ရန်ကြိုးစားနေ

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရနေသော ထိုင်းအမျိုးသမီး ၁၄၀ ကို Paveena Fundation for Children and Women ဖောင်းဒေးရှင်း မှ ကယ်ဆယ်ရန်ကြိုးစားနေ

ABN-နွယ်စိုး

ဇွန်-၈ ရကိ

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်လုပ်သားများအဖြစ် ထိုင်းအမျိုးသမီး ၁၄၀ ဦး လူကုန်ကူးခံနေရကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါလိင်လုပ်သားများအဖြစ် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီး ၁၄၀ ဦးအားကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း Paveena Foundation for Children and Women ဖောင်ဒေးရှင်းမှ ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည်။

အဆိုပါအမျိုးသမီးများသည် လိင်လုပ်သားများအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရပြီး မူးယစ်ဆေးများ သုံးစွဲရန်လည်း အတင်းအကျပ် စေခိုင်းခံနေကြရကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြထားသည်။

၄င်းအပြင် ရှမ်းပြည်နယ်တွင် လုပ်ကိုင်နေသော ထိုင်းလူမျိုးများအနေဖြင့် လူကုန်ကူးခံထားရသည့် ထိုင်းအမျိုးသမီးများကို အမြန်ဆုံး ကယ်တင်နိုင်ရန် ဖောင်ဒေရှင်းနှင့် ထိုင်းအာဏာပိုင်များကို တောင်းဆိုထားကြောင်း သတင်းတွင် ရေးသားဖော်ပြထားသည်။

အဆိုပါအမျိုးသမီးများကိုPaveena Foundation မှ ကယ်တင်ဖို့ ကြိုးစားနေသလို ထိုင်းကောင်စစ်ဝန်ရုံး ညွှန်ကြားရေးမှူးကလည်း ကယ်တင်ရန် ကြိုးပမ်းနေကြောင်း ဇွန်လ ၆ ရက်နေ့က ပြောဆိုထားသည်။

၎င်းတို့ကို ကယ်တင်ပေးရန်နှင့် အကူအညီပေးရန် အရေးပေါ်လိုအပ်နေပြီး မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

လက်ရှိတွင် Paveena Foundationနှင့်ထိုင်းကောင်စီဝင်ရုံးမှ တာဝန်ရှိသူများက မြန်မာအာဏာပိုင်းများနှင့် ပူးပေါင်းကာ ထိုင်းအမျိုးသမီးများကို ကယ်တင်၍ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ဆောင်နေကြောင်း The Thaiger တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ