Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းအစိုးရက ဦးဆောင်ပြီး မြန်မာ့အရေးအတွက် ဆွေးနွေးပွဲတစ်ခုကို ဘန်ကောက်တွင် ကျင်းပမည်

ထိုင်းအစိုးရက ဦးဆောင်ပြီး မြန်မာ့အရေးအတွက် ဆွေးနွေးပွဲတစ်ခုကို ဘန်ကောက်တွင် ကျင်းပမည်

ABN-ရာဟု

ဇွန် ၁၇ရက်

ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာ့အရေးအတွက် အလွတ် သဘော ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်ပသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒွတ်ပရာ မွတ်ဝီနိုင်းကဦးဆောင်ကာ အာဆီယံ နှင့် မြန်မာကြားတွင် ခေါင်းဆောင်အဆင့်ပြန်လည်ဆက်ဆံရန် လိုအပ်သည်ဆိုသည့် ဆွေးနွေးချက်ကို‌ထောက်ပြကာ အာဆီယံနိုင်ငံများရှိ အဆင့်မြင့်အရာရှိများကို ဖိတ်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“မေလက အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက မြန်မာနဲ့ အာဆီယံကြား ခေါင်းဆောင်အဆင့် ဆက်ဆံရေး ပြန်လုပ်ဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးချက်ကို လုံးဝကန့်ကွက်တာမျိုးမရှိဘဲ နိုင်ငံတချို့က ထောက်ခံထားပြီး တချို့နိုင်ငံတွေက ပြန်စဥ်းစားဖို့ဆန္ဒရှိနေကြောင်း ပြောခဲ့တဲ့အတွက် ရပ်တန့်နေသည့် မြန်မာငြိမ်းချမ်းရေးဖြစ်စဥ်ကို အစပြုမယ့် အလွတ်သဘောဆွေးနွေးပွဲကို ဖိတ်ကြားသည်ဟု “ဝန်ကြီးဒွတ်ပရာမွတ်ဝီနိုင်း၏ ဖိတ်စာထဲတွင် ရေးသား ဖော်ပြထားသည့်ဟု သိရှိရသည်။

အိန္ဒိယနိုင်ငံ ဒေလီမှာ ကျင်းပခဲ့တဲ့ Track 1.5 အစည်းအဝေးနှင့် မတူဘဲ အဆင့်မြင့်အရာရှိကြီးများသာ တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ အာဏာသိမ်းစကစ နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ကြားထားကာ အရေးပါသည့် ဆွေးနွေးပွဲဖြစ်လာနိုင်သည်ဟု သိရှိရသည်။

အာစီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်ကာပူနှင့် အင်ဒိုနီရှားနိုင်ငံတို့က အစည်းအဝေးကိုတက်ရောက်မည် မဟုတ်​ဟု အကြောင်းပြန်ထားကာ မြန်မာ၊ လာအို ၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်စသည့် နိုင်ငံများကသာ တက်ရောက်ဖို့ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံမှာလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူညီများရရှိစေရန်နှင့်မြန်မာနိုင်ငံက အင်အားစုများအားလုံးအတူတပွ တွေ့ဆုံကာ အဖြေရှာရန် ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်ကို တိုက်တွန်းသွားမည်ဟု သိရှိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်၂၀၂၁ခုနှစ် ဧပြီလက အာစီယံဘုံသဘောတူညီချက် ၅ချက်ကိုသဘောတူလက်ခံခဲ့သော်လည်း အကောင်အထည်မဖော်ခဲ့သည့်အတွက် စကစခေါင်းဆောင်မှာ အာဆီယံဆွေးနွေးပွဲများသို့ တက်ရောက်ခွင့်မရဘဲ ပြစ်တင်ဝေဖန်မှာများသာ ခံနေရခြင်းဖြစ်သည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ