Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုတွင် မသင်္ကာသူဟု ယူဆထားသော မြန်မာလူငယ်တဦး မြန်မာနိုင်ငံဘက်သို့ထွက်ပြေး

ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုတွင် မသင်္ကာသူဟု ယူဆထားသော မြန်မာလူငယ်တဦး မြန်မာနိုင်ငံဘက်သို့ထွက်ပြေး

ABN-နွယ်စိုး

အောက်တိုဘာ ၁၀ ရက်

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မသင်္ကာသူ မြန်မာလူငယ်တဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး ၄င်းသည် ချင်းရိုင်ခရိုင်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့သည်ဟု ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။

လူသတ်မှု ကျူးလွန်သူဟု သံသယရှိသူသည် အသက် ၁၉ နှစ်အရွယ်ရှိ စိုင်းမြတ်မိုး ဆိုသူဖြစ်ပြီး ၄င်းသည် မြန်မာနိုင်ငံသားတဦးဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းသံအမတ်ကြီးဟောင်း Vichit Vichitmarn အနေဖြင့် ဘန်ကောက်မြို့ရှိ ၄င်း၏ နေအိမ်တွင်အောက်တိုဘာလ ၈ ရက်နေ့က ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဥ်များဖြစ်ပြီးနောက် နောက်တနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် လူသတ်မှု ကျုးလွန်သူအဖြစ် သံသယရှိသူသည် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။

အသတ်ခံရသူ သံအမတ်ကြီးဟောင်းသည် ဘန်ကောက်မြို့က နေအိမ်ကို စက်တင်ဘာ ၉ ရက်နေ့ကစကာ ပြောင်းရွှေ့ခဲ့ပြီး တဦးတည်းနေထိုင်ခဲ့ခြင်းဖြစ်၍ လူသတ်မှု ကျုးလွန်သူအဖြစ် မသင်္ကာသူ မြန်မာလူငယ်ကအနေနှင့် စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး ၄င်း၏နေအိမ်၌ အလုပ်လုပ်ခဲ့ကြောင်းသတင်းဌာနတွင် ဖော်ပြထားသည်။

လူသတ်သမားဖြစ်သူဟု ယူဆထားသည့် မောင်စိုင်းမြတ်မိုးအနေဖြင့် Vichit အား ဓားဖြင့်ခြိမ်းခြောက်၍ အေတီအမ်ကဒ် လျှို့ဝှက်နံပါတ် တောင်းယူခဲ့ကာ အဆိုပါနံပါတ်ကို သိသွားပြီးနောက် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့များက ယူဆထားသည်။

ထိုကဲ့သို့ ဓားဖြင့်ထိုးသတ်ပြီးနောက် သံသယတရားခံသည် ထိုအိမ်ရှိ တန်ဖိုးရှိသော ပစ္စည်းများကိုယူပြီး အငှားကားဖြင့် ထွက်ပြေးသွားခဲ့သည်။

လူသတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်ViChit ၏ ငွေအကောင့်မှ ထိုင်းဘတ်ငွေ သိန်းပေါင်းများစွာကို စျေးဝယ်စင်တာတစ်ခုရှိ အေတီအမ်စက်မှ ထုတ်သွားကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထို့နောက်တွင် သံသယတရားခံ စိုင်းမြတ်မိုးသည် ချင်းရိုင်ခရိုင်သို့ ထွက်ပြေးသွားကာ ထိုမှတစ်ဆင့် နယ်စပ်ဖြတ်၍ မြန်မာပြည်ထဲသို့ ဝင်ပြေးသွားခြင်းဖြစ်သည်။

ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး၏ မှတ်တမ်းများအရ စိုင်းမြတ်မိုးသည် မယ်ဆိုင်စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်တွင် ဖြတ်သွားကြောင်း ထိုင်းရဲတပ်ဖွဲ့များကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ