Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ရာ၌ ပါဝင်ခွင့်မရ

ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ရာ၌ ပါဝင်ခွင့်မရ

ABN-နွယ်စိုး

သြဂုတ်-၃ ရက်

ပြီးခဲ့သည့် မေလအတွင်းက ထိုင်းအထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် Move Forward ပါတီအနေဖြင့် နောက်အစိုးရ အသစ်ဖွဲ့စည်းမည့် ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်ဖြစ်မည်မဟုတ်ကြောင်း CNAသတင်းဌာနတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သစ်အဖြစ် ခန့်မှန်းထား၍ ပြည်သူများကြိုက်နှစ်သက်သော Pita Limjaroenrat ဦးဆောင်သော Move Forward ပါတီက အောက်လွှတ်တော်အမတ် နေရာ ၅၀၀ တွင် ၃၁၂ နေရာ ကို ညွန့်ပေါင်းအဖွဲ့ထဲပါရန် စည်းရုံးနိုင်ခဲ့သော်လည်း အစိုးရဖွဲ့ရာတွင် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အမတ်များက ပိတ်ဆို့ထားခဲ့သည်။

Move Forward ပါတီအနေဖြင့် ထိုင်းဘုရင့်အာဏာအား ကန့်သတ်ထားသည့် ပုဒ်မ -၁၁၂ ကို ပြင်ဆင်မည်ဟု အဆိုပြုချက်များကို စစ်တပ် နှင့် ဘုရင်လိုလားသော အထက်လွှတ်တော်အမတ်များက ထောက်ခံခြင်း မရှိပေ။

မေလ ၁၄ရက် နေ့က ထိုင်းအောက်လွှတ်တော် ရွေးကောက်ပွဲတွင် Move Forward ပါတီအနေနှင့် အမတ် ၁၅၁ဦးနှင့် အများဆုံး အနိုင်ရရှိခဲ့သော်လည်း ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ် အား ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်အတွင်း မဲပေးရွေးချယ်ရာမှာ လိုအပ်သော ဆန္ဒမဲအရေအတွက် မရရှိခဲ့သည့်အတွက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ခြင်းမရှိခဲ့ပေ။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်းဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်၌ ထပ်မံရွေးချယ်ရန် ပြုလုပ်နေစဉ် ထိုင်းအခြေခံဥပဒေခုံရုံးက ပီတအား လွှတ်တော်အမတ် အရည်အချင်းမပြည့်ဟု စွပ်စွဲထားသည့် အတွက် ထပ်မံရွေးချယ်နိုင်ခြင်း မရှိခဲ့ပေ။

Pheu Thai ပါတီအနေဖြင့် အိမ်ခြံမြေသူဌေးကြိး Srettha Thavisin ကို ဝန်ကြီးချုပ်သစ်အဖြစ်တင်မြှောက်ရန် အကြံပြုထားပြီး လူကြိုက်များခဲ့သည့် Move Forward ပါတီခေါင်းဆောင် Pita အနေနှင့် အမတ်အယောက် ၂၅၀ ပါဝင်သော အထက်လွှတ်တော်ကနေ ထောက်ခံမဲ ၁၃ မဲသာ ရရှိခဲ့သည်အတွက်ကြောင့် ဝန်ကြီးချုပ်ရာထူးနှင့် လွဲခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ