ABN – သူရမောင်
ဆုန်ကရန်ဟု လူသိများသည့် ထိုင်းရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဆိုပြုချက်ကို ယူနက်စကိုက လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားကြပါသည်။
ထိုင်းရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းရန်အတွက် Songkran in Thailand, traditional Thai New Year festivalအမည်ဖြင့် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ICHမှာ ကမ္ဘာ့အမွေအနှစ် မဟုတ်သော်လည်း ကမ္ဘာ့အမွေအနှစ်ကဲ့သို့ ဂုဏ်သိက္ခာကြီးမားကြောင်း ဖော်ပြထားပါသည်။
Khon အပါအဝင် Thai Massageနှင့် ထိုင်းတောင်ပိုင်းမှ နိုရာအကတို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားခဲ့ရပြီးဖြစ်သည့်အတွက်ကြောင့် ထိုင်းရေသဘင်ပွဲတော်မှာ ထိုင်းနိုင်ငံ၏ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာနိုင်ခြေများကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်သီးကောက်ညှင်း အုန်းနို့ဆမ်းစသည့် ထိုင်းရိုးရာ ယဉ်ကျေးမှုများကို ICHစာရင်းသွင်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ၂၀၀၃ ခုနှစ်တွင် ခွဲထွက်ခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင်ခဲ့သည်ဟု သိရသည်။


