Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းပင်လယ်ပြင်တွင် ကယ်သူမဲ့ မူဆလင်စက်လှေတစ်စီး၌ အစာပြတ်ပြီး ၁၀ ဦးထက်မနည်း သေဆုံးနေ

ကလေးငယ်များအပါအဝင် မူဆလင် ၁၆၀ ခန့် ပါသည့် စက်လှေတစ်စီးသည် ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ထိ ထိုင်းနိုင်ငံအနီးပင်လယ်ပြင်တွင် မျောနေကြောင်း သိရပြီး ထိုအထဲမှ အချို့မှာ အစာငတ်ပြတ်ပြီး သေဆုံးသူများ ရှိကြောင်း သိရသည်။

NUG မှ အမျိုးသားညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေး ဆိုင်ရာ အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးပြောကြားချက်အရ ထိုစက်လှေသည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးသွားမှုကြောင့် ပင်လယ်ထဲတွင် မျောနေသည်မှာ ၆ ရက်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထိုစက်လှေပေါ်တွင် ပါလာသည့် မူဆလင်များမှာ အစာငတ်ပြတ်ပြီး ၁၀ ဦး ထက်မနည်း သေဆုံးနေပြီဖြစ်ကြောင်းနှင့် UNHCR အဖွဲ့ဖြင့် အဆက်အသွယ်ရပြီဟု သိရသော်လည်း ယနေ့တိုင်ထိ ကယ်သူမဲ့ ဖြစ်နေကြောင်း သိရသည်။

“မလေးရှားသွားနေကြတာ၊ သေတဲ့လူ ၆ ယောက်အထက်မှာ ရှိတယ်လို့ သိရတယ်။ အစာငတ်လို့၊ UNHCR နဲ့အဆက်အသွယ်ရတယ်လို့ ပြောတယ်။ လာမကယ်သေးဘူးတဲ့။ ဟု ဦးအောင်ကျော်မိုးက ယနေ့မနက်က ပြောထားသည်။

ထိုစက်လှေ၌ ပါရှိလာသည့် မူဆလင်များမှာ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ စစ်ဘေးရှောင်စခန်းမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း ဦးအောင်ကျော်မိုး ပြောကြားချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ