AB News- မတ် ၂၈ ၊ ၂၀၂၅
ယနေ့ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အင်းအားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။
ထိုငလျင်မှာ အင်အား ရစ်ချက်စတာစကေး ၇.၇ ပြင်းအားရှိခဲ့သည်ဟု ငလျင်တိုင်းတာရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
အဆောက်အအုံများပြိုကျသဖြင့် လူများထွက်ပြေးခဲ့ရကြောင်းလည်း သိရသည်။
ယင်းငလျင်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ် တို့တွင် သက်ရောက်ခဲ့ကြောင်း ကနဦး သိရသည်။
ငလျင်ဗဟိုချက်မှာ မြန်မာနိုင်ငံစစ်ကိုင်းမြို့နှင့် ၁၂ ကီလိုမီတာအကွာဖြစ်သည်။
ထိုငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဖုန်းဆက်သွယ်ရေး လိုင်းများပြတ်တောက်သွားကြောင်း စုံစမ်းသိရသည်။
ငလျင်ဒဏ်ကြောင့် လူ ထိခိုက် သေဆုံးမှု ရှိ မရှိ အခြေအနေကိုမူ AB News က အတည်မပြုနိုင်သေးပေ။
ဓာတ်ပုံ-ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည်များကို တွေ့ရစဥ်