Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ ၊ ကန်ကျနဘူရီခရိုင်တွင်း စစ်ဆေးရေးဂိတ်တွင် တရားမဝင်မြန်မာလုပ်သား ၁၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကန်ကျနဘူရီခရိုင်တွင်း စစ်ဆေးရေးဂိတ်တွင် တရားမဝင်မြန်မာလုပ်သား ၁၉ ဦးဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ ၊ ကန်ကျနဘူရီခရိုင်တွင် တရားမဝင်မြန်မာ ရွေ့ပြောင်းအလုပ်သမား ၁၉ ဦးဖမ်းဆီးခံရကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ရွှေ့ပြောင်းလုပ်သား မြန်မာ ၁၉ ဦးကို ကန်ကျနဘူရီခရိုင်၊ စိုင်ယို့မြို့၊ထာ့စောင့်ရွာ၊ ဘန်ယန်အိမ်ယာ အုပ်စု ၃ အတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။

တရားမဝင်မြန်မာများ ဝင်လာမည့် သတင်းရရှိသဖြင့် ထိုင်းနိုင်ငံ ဒေသခံအာဏာပိုင်များနှင့် ရဲများပူးပေါင်းကာ အဆိုပါဒေသတွင် စစ်ဆေးမှုများပြု လုပ်ခဲ့စဉ် မြန်မာလုပ်သား ၁၉ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

သို့သော် ထိုသူတို့အား ခေါ်ဆောင်လာသော ကားသမားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံ ကန်ကျနဘူရီသို့ တောလမ်းမှတစ်ဆင့်ဝင်လာခြင်းဖြစ်ပြီး စမူပရကန် နှင့် ရာချ်ဘူရီဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ထိုသူတို့မှာ ကန်ကျနဘူရီသို့ ဝင်ရန် ပွဲစားခ ဘတ် ၂၃၀၀၀ ပေးရပြီး တစ်ချို့မှာ ပွဲစားခအပြီးပေးထားပြီဖြစ်ကြောင်း ၎င်းတို့ကို ဘာသာပြန်ဖြင့် စစ်ဆေးရာတွင် ပြောကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန်ခရိုင်တွင် တရားမဝင်မြန်မာ ရွေ့ပြောင်းလုပ်သား ၂၄ ဦးဖမ်းဆီးခံခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်အတွင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်နှင့် ပကျွတ်ခရိုင်တွင်လည်း တရားမဝင် မြန်မာလုပ်သား ၆၀ ဖမ်းဆီးခံခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ