Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha နိုင်ငံရေးမှ အနားယူတော့မည်ဟု ကြေညာ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha နိုင်ငံရေးမှ အနားယူတော့မည်ဟု ကြေညာ

ABN-နွယ်စိုး

ဇူလိုင် ၁၂ရက်

ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး ၉ နှစ်အကြာအုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နိုင်ငံရေးမှ အနားယူတော့မည်ဟု ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

၄င်း၏ ပါတီFacebookလူမှုစာမျက်နှာတွင် မေလ ၁၄ ရက်နေ့က အထွေထွေရွေးကောက်ပွဲ၌ ၄င်း၏ပါတီနှင့် ၄င်းကို ထောက်ခံအားပေးခဲ့ကြသည့် ပြည်သူများအား ကျေးဇူးတင် စကားပြောကြားချင်ပါတယ်ဟု ပြောကြားခဲ့ပြီး ပါတီမှ အနားယူတော့မည်ဟုလည်း ဆိုခဲ့သည်။

” United Thai Nation ပါတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး နိုင်ငံရေးမှ အနားယူတော့မယ်လို့ ” ကြေညာချင်ပါတယ်ဟု ၄င်းက ဆိုသည်။

ထို့အပြင် မယိမ်းမယိုင်သည့် အယူဝါဒါများ​ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လုပ်ရန်၊ ပါတီခေါင်းဆောင်၊ ပါတီအမှုဆောင်များနှင့်ပါတီဝင်များကိုပြောကြားခဲ့ပြီး နိုင်ငံတော် သာသနနှင့် ဘုရင်စနစ်ကို ကာကွယ်၍ ထိုင်းပြည်သူပြည်သားများကိုလည်း စောင့်ရှောက်ကြဖို့ ၄င်းက တောင်းဆိုခဲ့သည်။

မေလ ၁၄ ရက်နေ့က အထွေထွေရွေးကောက်ပွဲတွင် ပရာယွတ်၏ စစ်တပ်ကျောထောက်နောက်ခံပြု United Thai Nation ပါတီသည် အမတ်နေရာ ၅၀၀ တွင် ၃၆ နေရာသာ အနိုင်ရရှိခဲ့ပြီးနောက် ယခုလို ကြေညာချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

ဘုရင်ကို သစ္စာခံသူတဦးဖြစ်သူ ထိုင်းစစ်တပ်၏ အကြီးအကဲဟောင်းဖြစ်သည့် ဝန်ကြီးချုပ် ပရာယွတ်သည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ စစ်အစိုးရကို ဦးဆောင်ခဲ့ပြီး၊ နောက်ထပ် ၄ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ရန် ပါလီမန်ကနေ ရွေးချယ်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ် ပရာယွတ်အနေဖြင့် သူအုပ်ချုပ်သော ကာလအတွင်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး သူသည် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံတော်၊ သာသနာ၊ ဘုရင်စနစ်ကို ချစ်မြတ်နိုးသည့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ လာမည့် ကြာသပတေးနေ့တွင် လွှတ်တော်သစ်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ