Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ ရန်ဆစ်တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာကျောင်းသားတစ်ဦး ငါးလွာထပ်က ပြုတ်ကျသေဆုံး

ABN-ရာဟု

ထိုင်းနိုင်ငံ ရန်ဆစ်တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာတက္ကသိုလ်ကျောင်းတစ်ဦးဖြစ်သူ ကိုဖြိုးကျော်ခိုင်သည် ဇန်နဝါရီလ ၂၆ရက် နံနက်ပိုင်းက ၎င်းနေထိုင်သည့် ၅ထပ်တိုက်ပေါ်က ပြုတ်ကျသေဆုံးကြောင်း သိရှိရသည်။

ကိုဖြိုးကျော်ခိုင်မှာ ထိုင်နိုင်ငံ ပထုံဌာနီခရိုင်ရှိ ရန်ဆစ်တက္ကသိုလ် စက်မှုပညာဌာနတွင် ပထမနှစ်တက်ရောက်ပညာသင်ကြားနေသူဖြစ်ကာ လက်ဟွက်ဒေသ အေပကျင်းလမ်းရှိ ငါးထပ်ဆောင်တွင် တစ်ယောက်တည်အခန်းငှားနေထိုင်သူဖြစ်သည်။

ယနေ့နံနက် ၇နာရီခန့်က အမြင့်မှပြုတ်ကျသံတစ်ခုကြားသဖြင့် လုံခြုံရေးဝန်ထမ်းက သွားရောက်စစ်ဆေးရာ လူတစ်ဦးပြုတ်ကျကာ ဦးခေါင်းကွဲ၊ ‌ခြေလက်ကျိုး ဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲနေပြီး အသက်မရှူတော့သည့် ကိုဖြိုးကျော်ခိုင်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက်သက်ဆိုင်ရာကို အကြောင်းကြားခဲ့သဖြင့် မှုခင်းဆရာဝန်များ၊ အရေးပေါ်အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာရှိ သက်သေအထောက်အထားများ မျက်မြင်သက်သေများနှင့် CCTVမှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းသွားမည်ဟု ရဲတပ်ဖွဲ့က ‌ပြောဆိုခဲ့သည်။

သေဆုံးသူထံတွင် စိတ်ညစ်သည့် အကြောင်းအရာများကို ရေးသားထားသည့် စာများကို တွေ့ရှိရသလို ၎င်း၏လက်ကိုင်ဖုန်းထဲတွင်လည်း မိသားစုဝင်များကို အွန်လိုင်းမှတစ်ဆင့် နှုတ်ဆက်စကားများ မက်ဆေ့ပေးပို့ထားသည့်ကိုတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

၎င်း၏ရုပ်အလောင်းကို မိသားစုဝင်များဘာသာရေးအရ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် ထာ့မဆတ်ဆေးရုံသို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ထားကြောင်း သိရှိရသည်။

ထိုကျောင်းသား၏ မွေးရပ်ဇာတိကိုမူ မသိရှိရသေးပေ။

ထိုင်းနိုင်ငံ ရန်ဆစ်တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာကျောင်းသားတစ်ဦး ငါးလွာထပ်က ပြုတ်ကျသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ