Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် တရားမဝင်ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် တရားမဝင်ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ ဦး ထပ်မံဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ Chiang Saen မြို့တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၂၇ ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။

ယင်းမြန်မာ ၂၇ ဦးမှာ ထိုင်းလူမျိုးလမ်းပြ၊ ကားမောင်းနှင့် လိုက်ပါလာပြီး ယင်း ကားနှစ်စီးကို ယမန်နေ့ မေလ ၂ ရက်နေ့က ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ကားအတွင်း တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်းဆိုသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ နှင့် ၁၈နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ထိုင်းနိုင်ငံသား ကားသမား၂ ဦးတို့ဖြစ်သည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၈ နှစ်အောက်အရွယ် ကလေးများနှင့် အသက် ၅၀ အရွယ်လူကြီးများလည်းပါကြောင်းသိရသည်။

ဖမ်းဆီးထားသည့် အဆိုပါမြန်မာနိုင်ငံသားများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှ လာကြကြောင်းနှင့် လက်ရှိတွင် ၎င်းတို့အား ထိုင်းနိုင်ငံ ၊ ချင်းရိုင်ခရိုင်တွင် မှုဖွင့်ထားကြောင်းသိရသည်။

အလားတူ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဧပြီလ ၃၀ ရက်နေ့က တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ