Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သေနတ် ၂လက်နဲ့အတူမြန်မာနိုင်ငံသား၂ ဦးကို ထိုင်းအာဏာပိုင်များမှဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သေနတ် ၂လက်နဲ့အတူမြန်မာနိုင်ငံသား၂ ဦးကို ထိုင်းအာဏာပိုင်များမှဖမ်းဆီး

ABN-ရှိုင်းမိုး

မေ ၂ရက်

မေလ ၁ရက်နေ့ ညနေပိုင်းအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မဲဆောက်-အုံးဖျန် ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသား ၂ဦးမှာ သေနတ်ပါလာသောကြောင့် ဖမ်းဆီးလိုက်သည်ဟုသိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂ ဦးသည် ၎င်းတို့၏ ဆိုင်ကယ်ကို အရှိန်ပြင်းစွာမောင်းနှင်လာကြပြီး၊ ထိုဆိုင်ကယ်ကို ရဲတပ်ဖွဲ့က မသင်္ကာသည့်အတွက် တားဆီးစစ်ဆေးခဲ့ရာမှ ဓါတ်မြေဩဇာအိတ်ဖြင့် ပတ်ထားသည့် AK- 47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ သေနတ်အရှည် ၁ လက်၊ စုစုပေါင်း ၂ လက်ကို တွေ့ရှိခဲ့‌သောကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်မြို့နယ်ရဲစခန်းတွင် အမှုစစ် ရဲအရာရှိက တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အခုရက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အတွင်းတွင် တရားမဝင်နေထိုင်နေကြသည့် မြန်မာနိုင်ငံများကို လုံခြုံရေးတပ်ကြပ်ထားသည်ဟုလည်း သိရသည်။

အထူးသဖြင့် မြန်မာနိုင်‌သားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကာ နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသားများကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ