Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ မဲဆောက်တွင် ဈေးဆိုင်ထဲ ဝင်ရောက်ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းဆီးခံရ

ABN-မေအိအိအောင်

ဇွန် ၂၅ ရက်

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်တွင် Big -C ဈေးဆိုင်အတွင်း ဝင်ရောက်ပစ္စည်းခိုးယူသည့်မြန်မာနိုင်ငံသားတစ်ဦးဖမ်းဆီးခံရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် မဲဆောက််မြို့နယ်၊ အမှတ် ၁၊ ထာ့ဆိုင်လွက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် Big-C ဈေးဆိုင်ထဲသို့ဝင်ရောက်ပြီး ဘီယာနဲ့စားသောက်ဖွယ်ရာအချို့ကို ခိုးယူခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ယင်းနေ့ ညပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စားစရာခိုးယူခဲ့သည့် အဆိုပါမြန်မာနိုင်ငံသားမှာ အသက် ၂၉ နှစ်အရွယ် ဖိုးဇော် ဟုသိရပြီး ဆိုင်ဝန်ထမ်းများအလစ်တွင် ထွက်ပြေးသွားသောကြောင့် ဆိုင်တာဝန်ရှိသူများက နယ်မြေခံရဲကင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သတင်းပေး တိုင်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းပေးတိုင်ကြားမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှာ တရားခံထွက်ပြေးသွားရာလမ်းကြောင်းကို ပိတ်ဆို့ပြီး နာရီပိုင်း အကြာမှာ အမှတ် ၁၊ ထာ့ဆိုင်လွက်ကျေးရွာအပြင်ရှိ ပြောင်းစိုက်ပျိုးထားသည့် လယ်ကွင်းထဲမှာ တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် နယ်မြေရဲကင်းမှ တာဝန်ရှိ အမှုစစ်ရဲအရာထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွမ်လ၂၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ဗိုထောင်မြို့နယ်၊ ဘန်ရက်ယိုင် ရပ်ကွက်တွင် ထိုင်းနိုင်တွင် တားမြစ်ထားသည့် ဒူးရင်းသီးနှင့် သီးစုံဖျော်ရည်ရောင်းသည့် လုပ်ငန်းလုပ်ကိုင်၍ မြန်မာနိုင်ငံသားတစ်ဦးနှင့် လာအိုနိုင်ငံသား တစ်ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ