ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကားတိုက်ခံရ၍ ရခိုင်မှ အမျိုးသမီးတစ်ဦး ဒီဇင်ဘာ ၃၁ ရက်နေ့က သေဆုံးသွားကြောင်းသိရသည်။
အဆိုပါသေဆုံးသူမှာ ရခိုင်ပြည် မြောက်ဦးမြို့နယ် သရက်ပင်ကြီးကျေးရွာမှ အဖ ဦးအေးသာကျော် အမိ ဒေါ်မဲစိန်တို့၏ သမီး မစုစုလှိုင် ဖြစ်ကြောင်းသိရသည်။
မစုစုလှိုင်မှာ မဲဆောက်မြို့ရှိ စက်ရုံအလုပ်သမားတစ်ဦးဖြစ်ပြီး တနင်္ဂနွေနေ့ စျေးမှသူငယ်ချင်းများနှင့် အပြန် ကား လမ်းဖြတ်ကူးချိန် ဦးထုပ်ပြုတ်ကျရာမှ ပြန်ကောက်စဥ် ကားတိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။


