
ABN-နွယ်စိုး
အောက်တိုဘာ ၄ ရက်
ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့က Siam Paragon ကုန်တိုက်ထဲ၌ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ယမန်နေ့ ညနေ ၄နာရီ ၂၀လောက်ကဝင်ရောက်လာပြီး ကုန်တိုက်ထဲကလူများကို ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့သည်ဟု ဘန်ကောက်Postတွင်ဖော်ပြထားသည်။
၄င်းအနေဖြင့် ၉မမ မီလီမီတာ ပစ်စတို သေနတ်တလက်နှင့် ကုန်တိုက် အတွင်း မြင်သူမှန်သမျှလိုက်လံပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိသွားသည်ဟု အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်လာသည့်ထိုင်းရဲချုပ် Pol. Gen. Torsak Sukwimon က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုသွားသည်။
ထိုင်းရဲချုပ် Pol. Gen. Torsak Sukwimon”ကသေနတ်သမားသည် အွန်လိုင်းဂိမ်းများဆော့ကစားရင်း စိတ်ရောဂါရနေသူ လူငယ်ဖြစ်ပြီး စိတ်ရောဂါဆေးရုံမှာပြသကုသနေရသူလည်းဖြစ်ကြောင််းပြောကြားခဲ့သည်။
ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနှစ်ဦးသည် တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာတစ်ဦး”ဟု ထိုင်းရဲချုပ်က အတည်ပြုပြောဆိုထားသည်။
လက်ရှိအခြေအနေမှာ ကုန်တိုက်ကိုအရေးပေါ်ပိတ်ခဲ့ရပြီး ထိုင်းဝန်ကြီးချုပ်သစ်ကအခင်းဖြစ်ပွားခဲ့သည့်နေရာကို သွားရောက်စစ်ဆေးခဲ့သည်။
သေနတ်သမားလူငယ်အနေဖြင့် ကုန်တိုက်ထဲသို့ လုံခြုံရေးရဲတပ်ဖွဲဝင်များ ရောက်လာချိန်မှာ လက်နက်ချအညံ့ခံခဲ့သည်။
ထိုင်းရဲဌာနက ထုတ်ပြန်ချက်ထဲ၌ Siam Paragon ကုန်တိုက် မှာ သေဆုံးသူ ၂ ဦး သည် အမျိုးသမီးများ ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသူ Ms Zhao Jinnan နှင့် အသက် မသိရသေးသည့် မြန်မာနိုင်ငံသူ Ms Moe Myint ဖြစ်ပြီး ဆေးရုံမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုလို ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ ၇ ရက်နေ့ကလည်းဖြစ်ခဲ့ပြီး Nong Bua Lamphu ခရိုင်က မူကြိုကျောင်းတခုမှာ မူးယစ်ဆေးစွဲနေသူသေနတ်သမား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ်အပါဝင် ၃၇ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။
ထိုင်းဝန်ကြီးချုပ် သစ်Srettha Thavisnအနေဖြင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခြင်းနှင့်ပတ်သက်လို့ စိတ်မကောင်းကြောင်းနှင့် မိသားစုများကို တောင်းပန်ကြောင်း ပြောကြားထားသည်။