Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ နရတ်သီဝပ်ပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးကာ ၁၀၀ ကျော်ပြင်းထန်ဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၃၀ ရက်

ထိုင်းနိုင်ငံ နရတ်သီဝပ်ပြည်နယ် Sungai Kolok မြို့ရှိ ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း Bangkok Post သတင်းစာဖော်ပြချက် အရသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီခန့်တွင် Sungai Kolok မြို့ရှိ မီးရှူးမီးပန်း ဂိုဒေါင်တစ်ခု ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့မှာ မလေးရှား နယ်စပ်အနီးတွင်ရှိပြီး ယင်းမြို့၏ မူနိ ဈေးရှိ ဝီရတ်ဝတ်ပဏီ ဆိုင်၏ မီးရူးမီးပန်း ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် ဂိုဒေါင်၊ ဈေးနှင့် အနီးတဝိုက်ရှိ နေအိမ် ၁၅၀ အထိ ကြီးမားစွာ ပျက်စီးသွားခဲ့ကြောင်း နှင့် လူ ၉ ဦးသေဆုံးကာ ၁၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုပြင်းအားကြောင့် ထိုင်း-မလေးရှား နယ်စပ်ရှိ Sungai Kolok မြို့မှ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အချက်အချာဖြစ်သည့် မူနို ဈေးမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်။

နရတ်သီဝပ်ပြည်နယ်အုပ်ချုပ်ရေးမှူး Sanan Phong-aksorn က ပေါက်ကွဲမှုကြောင့် လူ (၉) ဦး သေဆုံးပြီး (၁၁၃) ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောခဲ့သော်လည်း နောက်ပိုင်း သတင်းများတွင်မူ ဒဏ်ရာရသူ အရေအတွက်မှာ အနည်းဆုံး ၁၃၀ ဦးဖြစ်ကြောင်း ဖော်ပြသည်။

မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း Bangkok Post သတင်းက ဇူလိုင်လ ၂၉ ရက် ညပိုင်းတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ