Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရော်ဘာခြံပိုင်ရှင်တစ်ဦးနှင့် မြန်မာလုပ်သား ၃ ဦး ပစ်သတ်ခံရပြီး သေဆုံး

ABN-နွယ်စိုး

ဇူလိုင်- ၁၇ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ခရိုင် ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ် ကျေးရွာ၌ ရော်ဘာခြံပိုင်ရှင် ၁ ဦးနှင့် ရော်ဘာခြံအလုပ်သမား မြန်မာ ၃ ဦး ပစ်သတ်ခံခဲ့ရသည် ဟု သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် ချုံဖော်ခရိုင် ၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ်ကျေးရွာ တောတောင်ထဲတွင်ဖြစ်ပွားခဲ့ခြင်းပြီး ခရီးသွားခရီးလာ ခက်ခဲသောနေရာ ဖြစ်သည်။

ခြံပိုင်ရှင် Mr. Prayong Somnuk ၆၁ နှစ် နှင့်မြန်မာ အလုပ်သမား ၃ ဦးတို့သည် ခြံအနောက်ဘက်တွင်သေဆုံးနေပြီး မီးလောင်ကျွမ်းနေသည့် ဆိုင်ကယ်တစ်စီး ဘေး၌ ထိုင်းခွေး တစ်ကောင် မီးရှို့ခံရ၍ သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဆ၀ီမွို့နယ် Nasak ရဲစခန်းမှ ရဲမှူးကြီး Chakra Saowakon က ပြောသည်။

ထိုဖြစ်စဥ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ဘန်တလတ်ကျေးရွာတွင် ရော်ဘာခြံပိုင်ရှင်ဖြစ်သည့် Mr. Prayong Somnuk သည် ရော်ဘာခြံချင်း ကပ်လျက်ရှိ ထိုင်းလူမျိုးနှင့် ရန်ငြိုးဖွဲ့ အပြန်အလှန် စကားများပြီး မြန်မာအလုပ်သမားကို ရော်ဘာချေးခိုးသည်ဟု စွပ်စွဲကာ အကြိမ်ကြိမ် ဖိနှိပ် ခြိမ်းခြောက် နှင်ထုတ်ခဲ့ကြောင်း သိရသည်ါ

သေနတ်သမားသည် သေနတ်အရှည်တစ်လက်အသုံးပြုကာ သေဆုံးသူ၏ နေအိမ် အတွင်းသို့မြန်မာ ရွှေ့ ပြောင်းအလုပ်သမားတစ်ဦးချင်းကို ပစ်ခတ်နေချိန် Mr. Prayong အနေဖြင့် ထိုဖြစ်စဥ်ကိုမြင်၍ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း သေနတ်သမားက လိုက်လာပြီး အချက်ပေါင်းများစွာပစ်ခတ်ကာ အိမ်ရှင်၏ကားကို ခိုးယူ ၍ ထွက်ပြေးလွတ်မြောက်သွားသည် ဟု သိရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ တရားခံများကို ဆ၀ီမွို့နယ်၊ Nasak ရဲတပ်ဖွဲ့ဝင်များက ခြေရာခံ ဖမ်းဆီးနိုင်ရေး အမြန် ဆောင်ရွက်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ