
ABN-နွယ်စိုး
ဧပြီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာရွေ့ပြောင်းလုပ်သား ၅၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံခဲ့ရသည့် ၅၄ ဦးသည် ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်၊ ရွိုင်းခရိုင်၊ ကန်ချနဘူရီခရိုင် နှင့် ဘန်ကောက်မြို့တို့၌ အလုပ် လုပ်ကိုင်နေသူများ ဖြစ်ကြသည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့်ရခိုင် တို့ကဖြစ်ပြီး အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ဖြစ်ကြောင်း သိရသည်။
၄င်းအပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ထို ၅၄ ဦး မှာ တစ်ဦးလျှင် ဘတ်ငွေ ၂၀၀၀၀မှ ၃၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် ကန်ချနဘူရီနယ်မြေရဲစခန်းသို့ ပိုဆောင်ထားကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလကလည်း ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သား ၂၁၄ ဦး ဖမ်းဆီးခံခဲ့ရသည်ကို သတင်းများအရ သိရသည်။
