Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသည့် မြန်မာ ၁၇၁ ဦးကိုနေရပ်ပြန်ပို့

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသည့် မြန်မာ ၁၇၁ ဦးကိုနေရပ်ပြန်ပို့

ABN-မေအိအိအောင်

ထိုင်းနိုငိငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျရာမှ လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၇၁ ဦးကို ယနေ့ နေရပ်ပြန်ပို့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ယနေ့ ဧပြီ ၂၄ ရက်နေ့ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြစ်ဒဏ်ကျကာ လွတ်ရက်စေ့ လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့ခဲ့ကြောင်းသိရသည်။

၎င်းတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ စက်လှေဖြင့် ကော့သောင်းသို့ ပို့ဆောင်ခဲ့ပြီး နေရပ်ပြန်ပို့သူများတွင် အမျိုးသမီး ၄၅ ဦးနှင့် အမျိုးသား ၁၂၆ ဦး စုစုပေါင်း ၁၇၁ ဦးဖြစ်သည်။

ကော့သောင်းသို့ရောက်လာသည့် မြန်မားနိုင်ငံသားများအား ကိုဗစ် စစ်ဆေးခြင်းများ၊ ကိုယ်ရေးအချက်အလက်များစစ်ဆေးပြီး သတ်မှတ်ထားသော သွားလာစောင့်ကြည့်ရေး စင်တာတွင်ထားရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ကလည်း အချုပ်မှလွတ်ရက်စေ့ လွတ်မြောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၂ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ရနောင်းဆိပ်ကမ်းမှ အချုပ်မှလွတ်လာသူ မြန်မာ ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့သည်။

ယခု ၂၀၂၃ခုနှစ်အတွင်း ထိုင်းနိုင်ငံ ၊ရနောင်းမြို့ အချုပ်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျပြီး လွတ်မြောက်လာသူများကို ၃ ကြိမ် နေရပ်ပြန်ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကြသည့် မြန်မာနိုင်ငံသားကိုလည်း ထိုင်းနယ်စပ်တွင် ထိုင်အာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိမှုများရှိနေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ