Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၌ စာသင်ကျောင်းတစ်ခုအတွင်း ကျောင်းသားများ ရန်ပွဲဖြစ် ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

ABN -မေအိအိအောင်

မေလ ၃၁ ရက်

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရကြောင်း Bankok post အရသိရသည်။

Si Sa Ket ပြည်နယ်၊ Sri Rattana ခရိုင်ရှိ အစိုးရကျောင်းတွင် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ဆယ်ကျော်သက်အရွယ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူနှင့် ဓားထိုးမှုကျူးလွန်သူမှာ ယင်းနေ့ နေ့လယ်စာ စားချိန်တွင် Marhayom Suksa 2 ကျောင်း၌ ကစားနေချိန်တွင် ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဓားထိုးမှုကျူးလွန်သူ ကျောင်းသားက သူငယ်ချင်းများနှင်အတူ ဓားတစ်လက်ပါ ယူဆောင်လာပြီး သေဆုံးသူအား ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့သို့တိုင်ကြားခံခဲ့ရကာ အခင်းဖြစ်ပွားရာ ကျောင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် အသက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦး ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် စာသင်ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရပြီး ဒဏ်ရာရရှ်ိသည့် အခြားကျောင်းသား ၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Media များတွင်ဖော်ပြသည်။

ထိုဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်သူ ကျောင်းသားထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါကျောင်းသားမိဘ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်းသိရသည်။

ကျူးလွန်သူ ကျောင်းသားအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် အုပ်ချုပ်သူများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်ထားပြီး ပြည်နယ်လူငယ်တရားရုံးတွင် ကြားနာစစ်ဆေးရန် မေလ (၃၀) ရက်နေ့က ရုံးထုတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ