သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် နေထိုင်ခွင့်သက်တမ်းကုန်ဆုံး အလုပ်ရှင်မတူလုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် နေထိုင်ခွင့်သက်တမ်းကုန်ဆုံး အလုပ်ရှင်မတူလုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ

ABN -မေအိအိအောင်

ဇွန် ၁၅ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဗီဇာသက်တမ်းကုန်ပြီး နေထိုင်အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားအပါအဝင် ရွေ့ပြောင်းလုပ်သား ၁၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ထောက်လှမ်းရေးများသတင်းပေးချက်ဖြင့် ဘန်ကောက်မြို့၊ သရိမ်ချမ် အမှတ် ၃၄ စွမ်ဖက်လမ်းသွယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို လူဝင်မှုကြီးကြပ်ရေးရဲများ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ အလုပ်ရှင်ချင်း မတူလုပ်ကိုင်နေကြသည့် မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သား ၁၇ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းတွင်ဖော်ပြသည်။

ရဲများစစ်ဆေးချက်အရ အဆိုပါလုပ်ငန်းခွင်အတွင်း အလုပ်ရှင်မတူဘဲ အလုပ်လုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကမ္ဘောဒီးယားလုပ်သား အမျိုးသား ၄ ဦး၊အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦးတို့ကို ထိုင်းကန်ထရိုက်တာနှစ်ဦးနဲ့အတူ ဖမ်းဆီးရမိကြောင်းဖော်ပြထားသည်။

ယင်းအပြင် သက်ဆိုင်ရာများက အလုပ်သမားများ၏ နေထိုင်ခွင့်သက်တမ်းစစ်ဆေးရာတွင် အလုပ်သမားအားလုံးမှာ ထိုင်းနိုင်ငံအတွင်း သက်တမ်းကုန်ဆုံးပြီးနေထိုင်နေသည့် (Overstay) အလုပ်သမားများဖြစ်နေသည်ကိုတွေ့ရှိခဲ့သည်။

အာဏာပိုင်များက ကန်ထရိုက်တာ ထိုင်းနှစ်ဦးကို အလုပ်ရှင်မတူသည့် အလုပ်သမားစေခိုင်းမှုနှင့် သက်တမ်းကုန်ဆုံးပြီးနေထိုင်နေသူများကို အလုပ်ခေါ်ခန့်အပ်ထားသည် ဟူသော ပြစ်မှုဖြင့် စွဲချက်တင်ကာ ထိုသူ နှစ်ဦးအား တရားဥပေဒအရ အရေးယူမည်ဖြစ်ကြောင်းသိရသည်။

အလားတူ Overstay ဖြင့် အလုပ်လုပ်နေသော အလုပ်သမားများမှာ လုပ်ကိုင်ခွင့်ရှိသည်ထက် ကျော်ပြီးလုပ်ကိုင်မှုနှင့် ရက်လွန်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန့်ပလာရပ်ကွက်တွင် တရားမဝင် လိုက်ပါလာသည့် မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း Samut Prakan ပြည်နယ် အာဏာပိုင်များကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ