Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး ဓာတ်လိုက်သေဆုံး

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင်တစ်ခု၌ ဓာတ်လိုက်မှုဖြစ်ပြီး မြန်မာတစ်ဦးနှင့် ထိုင်းတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်ချဒါ တိုက်ပေါ် ရေလှောင်ကန် သန့်ရှင်းရေးလုပ်နေစဉ် ဓာတ်လိုက်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရသိရသည်။

သေဆုံးသွားသူများမှာ ရေလှောင်ကန်သန့်ရှင်းရေးကို ပုံမှန်လုပ်နေကြ သူများဖြစ်ကြောင်းသိရပြီး ထိုသူတို့ လဲနေစဉ် လုပ်ဖော်ကိုင်ဖက်များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဓာတ်လိုက်မှုနှင့်ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်များက ရေပိုက်နှင့် ရေစုပ်စက်တွင် လျှပ်စစ်မီးယိုစိမ့်မှုများရှိခဲ့သည်ဟု သုံးသပ်ပြီး လက်ရှိတွင် တာဝန်ရှိသူများ၏ စစ်ဆေးချက်ကို စောင့်ဆိုင်းနေကြောင်းသိရသည်။

အထက်ပါ ဖြစ်စဉ်နောက်ထပ်မဖြစ်ပေါ်ရေးအတွက် ရေ၊ မီးလျှပ်စစ်လုပ်ငန်းခွင်များတွင် အလုပ်သမား အနည်းဆုံး နှစ်ဦးအထက် ကိုထားရှိနိုင်ရန် အရေးပေါ်အခြေနေတစ်ခုဖြစ်လာခဲ့ပါက အကူအညီတောင်းဖို့ အဆင်ပြေကြောင်း ဒေသတွင်းသတင်းထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ