Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများကို မှောင်ခိုသွင်းပေးသည့် သံသယတရားခံ တစ်ဦး အဖမ်းခံရ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတောင်ပိုင်းသို့ အခကြေးငွေယူကာ မှောင်ခိုသွင်းပေးရာတွင် အဓိကတာဝန်ရှိသူဟု ယူဆသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိများမှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အသက် ၂၈နှစ်အရွယ် ထိုင်းနိုင်ငံသား အာနက်သည် မြန်မာနိုင်ငံမှ လူမှောင်ခိုဂိုဏ်းနှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် အလုပ်သမားများကို နေစရာ၊ စားစရာ၊ အကူအညီအထောက်အပံ့ ပေးသည့် စွပ်စွဲချက်များဖြင့် တရားစွဲခံရခြင်းဖြစ်သည်။

ဇန်နဝါရီလတွင် ပထမဆုံးဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၉ရက်နေ့တွင် ဟတ်ယိုင်ခရိုင်တွင် ထိုင်းလမ်းပြ ၃ဦးနှင့် မြန်မာနိုင်ငံမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀ ဦးကို ဖမ်းဆီးပြီး လပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးမှ အာနက် ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဆုန်ခလာ လူဝင်မှုနှင့် ကြီးကြပ်ရေးအရာရှိများမှ ဆိုသည်။

အာနက်သည် အထောက်အထားမဲ့မြန်မာနိုင်ငံသားများနှင့် လမ်းပြများဖမ်းဆီးခံခဲ့ရသည့် ကိစ္စတွင် တရားမဝင်ရွေ့ပြောင်းပေးရာ၌ ပူးပေါင်းပါဝင်ပတ်သတ်ခဲ့ပြီး ၄င်းအထောက်အထားမဲ့မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ပို့ခဲ့သည်ဟု ယူဆရသည်။

ထိုင်းမြန်မာနယ်စပ် ပရာချွတ် သီရီခန်းမှ ဆုန်ခလာအထိ လမ်းကြောင်းများစီစဥ်ပေးပြီး မြန်မာနိုင်ငံမှ အထောက်အထားမဲ့ ခိုးဝင်သည့် ရွေ့ပြောင်းလုပ်သားများ တစ်ယောက်စီထံမှ ဘတ် ၅၀၀၀ မှ ၇၀၀၀အထိ လက်ခံရယူခဲ့သည်ဟု အာနက်က ဝန်ခံထွက်ဆိုထားသည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည်။

အာနက် ဘဏ်အကောင့်ထဲတွင် ယခုနှစ်အတွင်းငွေလက်ခံရယူထားသည်မှာ စုစုပေါင်း ဘတ်ငွေ ၁၆ သန်းအထိရှိသည်ဟုလည်း အာဏာပိုင်များက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ