Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ ‌စီးလာသော ကား ၁၈ ဘီးပါ ကွန်တိန်နာကားကို နောက်မှ၀င်တိုက်မှုဖြစ်ပြီး ၈ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ ‌စီးလာသော ကား ၁၈ ဘီးပါ ကွန်တိန်နာကားကို နောက်မှ၀င်တိုက်မှုဖြစ်ပြီး ၈ ဦးသေဆုံး

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် မင်မြို့၊ နေင်ခမ့်ခေါ့ကျေးရွာအုပ်စု ၇ လမ်းတွင် မြန်မာအလုပ်သမား များစီးလာသောကားနှင့် ကွန်တိန်နာတို့ ယာဥ်တိုက်မှုဖြစ်ပြီး ၈ ဦးသေဆုံးကြောင်းသိရသည်။

ယနေ့ ဧပြီ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ယာဥ်တိုက်မှုဖြစ်ခဲ့ကာ ယင်းလတ်တလော ယာဥ်တိုက်မှုအတွင်း မ ၃ ဦးနှင့် ကျားတစ်ဦး သေဆုံးပြီး နောက်ပိုင်းတွင် နောက်ထပ် ၄ ဦးထပ်မံသေဆုံးကြောင်း ဒေသတွင်း သတင်းဌာနများအရသိရသည်။

အဆိုပါကားတွင် ခရီးသည် ၁၂ ဦးတင်ဆောင်လာပြီး ၎င်းတို့မှာ မြန်မာအလုပ်သမားများနှင့် ကမ္ဘောဒီးယားအလုပ်သမားများဖြစ်ကြောင်းသိရသည်။

ထိုသူတို့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ ကျန်ထဘူရီ သို့ ဘတ်သက်တမ်းတိုးရန် သွားခြင်းဖြစ်ကြောင်း ကားတိုက်မှုအတွင်း လွတ်မြောက်သူများကို စစ်ဆေးမေးမြန်းချက်အရ သိရသည်။

ယင်းအပြင် ဘတ်သက်တမ်းတိုးရန်သွားသည့် အဆိုပါ ဗင်ကားမှာ ၀န်အလေးချိန်များသည့် ၁၈ ဘီးပါ ကွန်တိန်နာကား လမ်းပေါ်တွင် ကုန်တင်နေချိန် အနောက်မှ နေ၍ လာရောက်တိုက်ခြင်းဖြစ်ကြောင်း အသက် ၅၀ အရွယ် ကွန်တိန်နာ မောင်းသူကပြောသည်။

ယာဥ်တိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် ကားသမားအပါအ၀င် ခရီးသည် ၅ ဦးကို ချွန်ဘူရီ ဆေးရုံတွင် ပို့ဆောင်ထားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ