Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ Muang ခရိုင်တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မူဆလင် ၉၆ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ Muang ခရိုင်တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မူဆလင် ၉၆ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ ၊ ကန္ခ်နဘူရီ Muang ခရိုင်တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မူဆလင် ၉၆ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ အစောပိုင်းတွင် မလေးရှားသို့သွားမည့် မူဆလင် ၉၆ ဦး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်လာသည့် သတင်းများအရ ထိုင်းရဲများက စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံ၊ ဆုန်ခလာဘူရီခရိုင်မှတစ်ဆင့် မလေးရှားသွားရန် လာကြခြင်းဖြစ်ပြီး ကန်ချနဘူရီ အရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူထဲတွင် မူဆလင် အမျိုးသား ၇၆ ဦးနှင့် အမျိုးသမီး ၂၀ ပါဝင်ပြီး ကား ၅ စီးဖြင့် စီးနင်းလိုက်ပါလာကြကာ ပွဲစားခ တစ်ယောက်လျှင် ဘတ် ၁၂၀၀၀၀ စီပေးရကြောင်းသိရသည်။

ယင်း မူဆလင်များကို တင်လာသည့် ကား ၅ စီးမှယာဉ်မောင်းများမှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့ထဲမှ ၄ ဦးကို စုံစမ်းစစ်ဆေးရန် Muang ခရိုင် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် မူဆလင်များကို တရားမဝင် ဝင်ရောက်မှုဖြင့်စွဲချက်တင်ထားပြီး ထိုသူတို့အား လူကုန်ကူးဂိုဏ်းများ၏ သားကောင်များ ဟုတ်မဟုတ် စစ်ဆေးမေးမြန်ရန် လူမှုဖုံလုံရေးနှင့် လူသားလုံခြုံရေး အရာရှိများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။

ယမန်နေ့ ဧပြီ ၄ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင် ဟတ်ယိုင်သို့ တရားမဝင်နည်းဖြင့် သွားသည့် မူဆလင် ၈၆ ဦးနှင့် ယာဉ်မောင်း ၄ ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့သည်။

Source-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ