AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၅
မောင်လိုကီ
တနင်္သာရီတိုင်း၊ မောတောင်မြို့နယ်မှ နယ်စပ်အလယ်ဂိတ်တွင် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ထိုင်းအာဏာပိုင်များက အကြောင်းပြချက်မရှိဘဲ နေရပ်ပြန်လည်၍ နေထိုင်ကြရန် သတိပေးနေကြောင်း သိရသည်။
မောတောင်မြို့နယ်များတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲပြင်းထန်နေသောကြောင်း ဒေသခံစစ်ရှောင်ပြည်သူများမှာ နေရပ်မပြန်လိုသော်လည်း ထိုင်းအာဏာပိုင်များ၏ အကြောင်းပြချက်မရှိ နေရပ်ပြန်ခိုင်းခြင်းကြောင့် အခက်တွေ့နေရကြောင်း သိရှိရသည်။
အဆိုပါနယ်စပ်ဂိတ်တွင် မောတောင်မှ စစ်ရှောင်ပြည်သူလူဦးရေ ၁၅၀၀ခန့် ရှိနေပြီး ယခုအခါ စစ်ဘေးရှောင် တစ်ထောင်ကျော်ခန့် နေရပ်ပြန်သွားကြပြီးဖြစ်ကြောင်း သိရသည်။
နယ်စပ်ဂိတ်အတွင်း ကျန်ရှိနေသော စစ်ဘေးရှောင် ၅၀၀ခန့်မှာ မောတောင်မြို့ တောင်ဘက်ခြမ်း တောများတွင်လည်း စစ်ရှောင်ပြည်သူများနေထိုင်နေကြပြီး နယ်စပ်ဂိတ်အနီး စစ်ဘေးရှောင်အားလုံး နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရှိရသည်။
မောတောင်မြို့ခံများမှာ စစ်ပွဲကြောင့် နေရပ်စွန့်ခွာကာ အရေးပေါ်တိမ်းရှောင်ခဲ့ကြရချိန်တွင် နေအိမ်အချို့မှာ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရခြင်းများလည်း ရှိနေပြီး လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေး၊ ဒေသတွင်းကုန်သွယ်ရေးများ ပြတ်တောက်နေကြောင်း သိရှိရသည်။
မောတောင်မြို့ကို KNLA နှင့် တော်လှန်တပ်ပေါင်းစုများက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စကမက ပြန်လည်သိမ်းပိုက်ရန် ကြိုးစားနေခြင်းကြောင်း သိမ်ခွန်းရွာနှင့် သဲဖြူရွာဘက်တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် စကမဘက်က လေကြောင်းအင်အားတိုးမြှင့်လာနေကြောင်း သိရသည်။
အလားတူ မောတောမြို့ကို ပြန်လည်သမ်းပိုက်ရန် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ဖိအားပေးထားပြီး မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပါက တိုင်းမှူးရာထူးမှ အဖြုတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

