Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုလမ်းမှ အလုပ်လုပ်ကိုင်ရန်သွားသည့် မြန်မာလုပ်သား ၂၀ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

ABN-မေအိအိအောင်

သြဂုတ်လ ၄ ရက်

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် တရားမဝင် မှောင်ခိုလမ်းဖြင့် လိုက်ပါလာသည့် မြန်မာ ၂၀ ဦး နှင့် ယာဉ်မောင်း တစ်ဦးတို့ ထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းအရသိရသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်အချိန်တွင် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ဝင်လာသည့် မြန်မာ ၂၀ ဦးကို ဟင်းသီးဟင်းရွက်တင်ဆောင်လာသည့် ကားတွင်ပုန်းအောင်းလိုက်ပါလာသည်ကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများနှင့် ယာဉ်မောင်း(ထိုင်းလူမျိုး)ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် အမှတ် ၆ ကျေးရွာအုပ်စုအတွင်း၌ မဲဆောက်ရှိ ဘွန်ဟွေဟင်ဖွန် စစ်ဆေးရဲဂိတ်မှ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝက ကထုတ်ပြန်သည်။

ဖမ်ဆီးခံရသည့် မြန်မာ ၂၀ နှင့် ထိုင်းလူမျိုး ကားသမား တို့ကို မဲဆောက်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေနှင့် အရေးယူခံရပြီး မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခံရမည်ဖြစ်ကြောင်းသိရသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဆူရတ်ဌာနီ၊ ထာချန်မြို့နယ်တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းဖြင့် ရောက်လာသည့် မြန်မာ ၁၄ ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ