Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦး စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦး စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံရ

ABN-မေအိအိအောင်

ဇွန်လ ၂၁ ရက်

ထိုင်းနိုင်ငံအတွင်းသို့ အထောက်ထားမဲ့ဝင်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား ၁၁ ဦးကို ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်းဒေသတွင်းသတင်းအရသိရသည်။

အဆိုပါ မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ၊ ရနှောင်းခရိုင်ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း ရနှောင်းအခြေစိုက် အမှတ်-၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ရနောင်းနှင့် ချွန်ဖော်ခရိုင်အကြားလမ်းရှိ စိလာလပ်(ကျော်ပေါ်လော်)စစ်ဆေးရေးဂိတ်အတွင်း အာဏာပိုင်များ စစ်ဆေးရေးလုပ်နေချိန် လိုင်းကားဖြင့်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ဦးကို ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသူ မြန်မာ ၆ ဦးမှာ ဆူရတ်ဌာနီခရိုင်တွင်နေထိုင်သည့်ဆွေမျိုးများ အဆက်အသွယ်ဖြင့် ရနှောင်းမှလိုက်ပါလာခြင်းဖြစ်ကြောင်း ပွဲစားကဖြေကြားခဲ့သည်။

နောက်ထပ် ဖမ်းဆီးခံရသည့် မြန်မာ လုပ်သား ၄ ဦးမှာ အမျိုးသားများဖြစ်ပြီး ရနှောင်းနှင့် အနီးရှိ ချွန်ဖော်ခရိုင်စစ်ဆေးရေးတစ်ခု၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

နောက်ပိုင်း အဖမ်းခံရသည့် အဆိုပါ မြန်မာ ၄ ဦးမှာ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်မှ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် ရနောင်းခရိုင်ဘက်ကိုရောက်ရှိလာပြီး နောက်ထပ်တစ်နေရာသွားနေစဉ်တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် တရားမဝင် ရောက်လာသူများနှင့် ပွဲစားများကို ဥပဒေအရအပြစ်ပေး အရေးယူရန် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံအလယ်ပိုင်း Bueng Sam Phan မြို့နယ်၊ သီရိမုန်ခွန်ကျေးရွာအုပ်စု၊ ချိုင်းယာနွန် နခွန်ဆာဝန် လမ်းမကြီးတွင် တရားမဝင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် မြန်မာ ၈ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ