Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံရှိ ပြည််နယ်အချို့တွင် မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ

ထိုင်းနိုင်ငံရှိ ပြည််နယ်အချို့တွင် မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ

ABN-နွယ်စိုး

အောက်တိုဘာ ၃ ရက်

ထိုင်းနိုင်ငံ Sukhothaiပြည်နယ်အနီးရှိ Yom မြစ်ကမ်းပါးနားတို့တွင် အောက်တိုဘာလ ၂ ရက်နေ့က မိုးသန်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကမ်းပါးနားတွင် ကြီးကြီးမားမား ရေလွှမ်းမိုးမှုများဖြစ်ပွားကာ ထိုမြို့နယ်အတွင်း အိမ်ထောင်စု ၅၀၀၀ ခန့် ရေနစ်မြုပ်ခဲ့သည်။

တက်သစ်စ ဝန်ကြီးချုပ် Srettha Thavisinက Sokhothaiပြည်နယ်၏ ရေလွှမ်းမိုးမှု အခြေအနေသည် စိုးရိမ်စရာဖြစ်နေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ရေကြီးမှုဒဏ်နှင့် ရေလွှမ်းမှုဒဏ်ကို ခံနေရသည့် Sokhothaiပြည်နယ်သို့ ဝန်ကြီးချုပ် Srettha Thavisinအနေဖြင့် သွားရောက်ကြည်ရှုရန်အစီစဥ်မရှိဟု ပြောကြားခဲ့သော်လည်း မကြာမီ ရေကြီးမှုများ ကြီးကြီးမားမား ဖြစ်လာနိုင်ဖွယ်ရှိသည့် Ubo Ratchathianiပြည်နယ်ကို သောကြာနေ့ ညနေပိုင်းတွင် သွားရောက်လည်ပတ်ရန် ရှိသည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Sretthaအနေဖြင့် ယမန်နေ့က တော်ဝင် ဆည်မြောင်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးနဲ့ တွေ့ဆုံခဲ့ကာ ရေလွှမ်းမိုးမှုကာကွယ်ရေးအစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

Sokhothaပြည်နယ်၌ Yomမြစ်ကမ်းနားတွင် ဒီရေမြင့်တက်လာမှုကြောင့် ဒေသခံများ ထိခိုက်နစ်နာခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး အဆိုပါမြစ်သည် ၈ မီတာနီးပါးနက်ကာ မြစ်ကမ်းနားပါးများတွင် ရေပမာဏ ၈.၁၅ မီတာအောက် ရှိနိုင်ကြောင်း သိရသည်။

မြို့တော်ခန်းမ၊ ခရိုင်တရားရုံး၊ ရဲစခန်း၊ စာတိုက်နှင့် လူနေရပ်ကွက်များသို့ ရေကြီးရေလျှံမှုများမဖြစ်စေရန်အတွက် စည်ပင်သာယာရေးအဖွဲ့များက Yom မြစ် အထက်က ဖရွမ်တံတားပေါ်တွင် သဲအိတ်များ ချထားပေးခဲ့ကြသည်။

ယိုးမြစ်တဖက်ကမ်းရှိ Phitsanulokပြည်နယ်တွင် လည်း ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေ ၁၃၅၀၀၀၀အား ထိခိုက်နစ်နာခဲ့ကြောင်း Phitsanulok၏ ဆည်မြောင်းစံမံကိန်းဒါရိုက်တာ Chamnan Chutiangက ပြောကြားခဲ့သည်။

ယင်းအပြင် ထိုင်းနိုင်ငံ မြောက်ပိုင်းအတွင်းတွင်လည်း မုန်တိုင်းများတိုက်ခတ်လာနေပြီး မိုးရွာသွန်းမှုများ ပိုမိုများပြားလာကာ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ၄င်းက ဆိုခဲ့သည်။

Phitsanulok ပြည်နယ် မြို့တော်ဝန် Phusit Somjit က Phom Phiram ပြည်နယ်နှင့် Bang Rakamပြည်နယ်တို့ရှိ အစိုးရ အေဂျင်စီများအား ကြီးကြီးမားမား ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ဒေသအတွင်း စပါးစိုက်ခင်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် ရေနှုတ်မြောင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် Wangမြစ်ရေ မြင့်တက်လာမှုကြောင့် လာပန်းမြို့သို့ ရေလွှမ်းမိုးခဲ့ပြီး ပြည်နယ်၈ ခုရှိ ကျေးရွာ ပေါင်း ၂၅၇ရွာကို ရေလွှမ်းမိုးခဲ့သည်။

အဆိုပါခရိုင်သုံးခုတွင် မြစ်ရေများ တဖြည်းဖြည်းကျဆင်းလာနေကြောင်းနှင့် ရေကြီးမှုသည် ၁၃ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

Ref-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ