Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး အလုပ်ခွင်တစ်ခု၌ တရုတ်အမျိုးသားတစ်ဦးနှင့် အထောက်အထားမဲ့မြန်မာလုပ်သား ၂၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး အလုပ်ခွင်တစ်ခု၌ တရုတ်အမျိုးသားတစ်ဦးနှင့် အထောက်အထားမဲ့မြန်မာလုပ်သား ၂၃ ဦးဖမ်းဆီးခံရ

ABN-မေအိအိအောင်

ထိုင်းနိုင်ငံ ဘန်ဖလီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အထောက်အထားမဲ့ အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုက်သား ၂၃ ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းအရသိရသည်။

အဆိုပါအလုပ်ခွင်တွင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်နေသည်ဟု သတင်းပေးတိုင်ကြားမှုအရ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ကိုမြင်သော အဆိုပါလုပ်သားများမှာ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အလုပ်သမား ၃၂ ဦးကိုဖမ်းဆီးရမိကြောင်းနှင့် ယင်းအလုပ်သမား ၃၂ ဦးမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စီးနင်းမှုကိုဦးဆောင်ခဲ့သည့် ရဲအရာရှိကပြောသည်။

ယင်းအပြင် ထိုင်းအရာရှိများ စစ်ဆေးမှုအရ တရုတ်နွယ်ဖွားအလုပ်ခေါင်းဆောင်မှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်အထောက်ထားမရှိကြောင်းနှင့် အလုပ်ရှင်အပါအဝင် ဖမ်းဆီးခံရသူ ယင်း ၂၄ ဦးကို ဥပဒေအရ တရားစွဲဆိုထားကြောင်းသိရသည်။

အလားတူ ဧပြီ ၂၇ ရက်နေ့မှာပင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တောလမ်းမှတစ်ဆင့်သွားသော တရားမဝင်ရွှေ့ပြောင်းလုပ်သား ၄၂ ဦးမှာ ထိုင်းနိုင်ငံ ၊ ကန်ကျနဘူရီခရိုင်အရောက်တွင် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ထို့အတူ ထိုင်းနိုင်ငံ၊ မလေးနိုင်ငံများသို့ တရားဝင် အောက်လမ်းမှ သွားသည့် မြန်မာနိုင်ငံသားများမှာ ထိုင်းနယ်စပ်နှင့် မလေးနယ်စပ်တို့တွင် အာဏာပိုင်များက မကြာခဏ ဖမ်းဆီးမှုများ ရှိနေသည်ကိုလည်းတွေ့ရသည်။

Ref-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ