
ABN-မေအိအိအောင်
ထိုင်းနိုင်ငံမှ မလေးရှားသွားသည့် မြန်မာနိုင်ငံသား ၂၁ ဦးကို မူးယစ်ဆေးများနှင့်တူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရကြောင်းသိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၇ ဦးအပြင် ၎င်းတို့အားပို့ဆောင်သည့် လမ်းပြကားသမား ၃ ဦးတို့လည်းပါဝင်ကြောင်းသိရသည်။
၎င်းတို့အား ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ က ထိုင်းနိုင်ငံ ပါကျွတ်ခိရိယမ် ခရိုင်တွင် မူးယစ်ဆေးများနှင့်အတူဖမ်းဆီးရခြင်းဖြစ်ကြောင်းသိရသည်။
ယာဘ စိတ်ကြွဆေးနှင့် အိုက်စ်အမည်ရှိ ရေခဲမူးယစ်ဆေးများကို ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၁ ယောက်ထဲမှ တစ်ယောက်၏ အဝတ်အထည် ထည့်သည့် ကျောပိုးအိတ်တွင် စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ မွန်ပြည်နယ်၊ မုဒုံမြို့မှ ပွဲစားခ ဘတ် ၄သောင်း ဖြင့်လာကြခြင်းဖြစ်ပြီး လက်ရှိတွင် ထိုသူတို့အား သက်ဆိုရာနယ်မြေရဲစခန်းဖြစ်သည့် ခရွန်ဝမ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ စမူဆာခွန်ခရိုင် မဟာချိုင်တွင် ဧည့်စာရင်းမတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦးကိုလည်း ထိုင်းရဲများဖမ်းဆီးခဲ့သည်။


