Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံဖက်မှ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၀ ဦးတွင် ကိုဗစ်တွေ့ရှိ

ထိုင်းနိုင်ငံဖက်မှ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၀ ဦးတွင် ကိုဗစ်တွေ့ရှိ

ABN-ရှိုင်းမိုး

ယနေ့ နံနက်ပိုင်းအချိန်က ထိုင်းနိုင်ငံမှ မဲဆောက်-မြဝတီသို့ ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် အလုပ်သမား ၁၀ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။

ကိုဗစ်တွေ့ရှိသည့် ၁၀ဦးထဲတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်သည်ဟုသိရသည်။ ထို ၁၀ဦးမှာ ကိုဗစ်တွေ့ရှိပြီး၊ နောက်ထပ် ကိုဗစ်ရှိသည်ဟု သံသယ ရှိသူ ၄ဦးလည်းရှိနေသည်။

လက်ရှိမှာ ကိုဗစ်တွေ့ရှိသူ ၁၀ဦးနှင့် ကိုဗစ်ရှိသည်ဟု သံသယရှိသူ ၄ဦးကို မြဝတီမြို့၊ ရွှေမြစန္ဒီမြို့သစ်ရှိ ကွာရန်တင်းစင်တာတွင် ကျန်းမာရေးစောင့် ရှောက်မှုများပြုလုပ်ပေးနေကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်းတွင် ယခုဧပြီလထဲတွင် ကိုဗစ်ရောဂါပြန်လည်မြင့်တက်လာသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁ဦးသည် သူနေထိုင်သည့် တိုက်ခန်းအတွင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ