Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကာ ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၂ ရက်

ထိုင်းနိုင်ငံ၊ Phra Nakhon Si Ayutthaya ပြည်နယ်တွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက် မီးလောင်ပေါက်ကွဲမှုဖြစ်ကာ ၄ ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

PhravNakhon Si Ayutthaya ပြည်နယ် ဘန့်ပအင်းဒေသရှိ ကားလမ်းမတွင် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတိမ်းမှောက်ပြီး မီးလောင်းခဲ့ခြင်းဖြစ်သည်။

တရားမဝင်မြန်မာလုပ်သားများ တင်ဆောင်လာသည့် အဆိုပါကားမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ဦးတည်သွားနေပြီး ဘန့်ပအင်းဒေသရှိ စစ်ဆေးရဲဂိတ်ကိုမြင်၍ အရှိန်ပြင်းစွာ မောင်းပြေးချိန်တွင် ကားလမ်းချော် တိမ်းမှောက်မှုဖြစ်ကာမီးလောင်းခဲ့ကြောင်းသိရသည်။

ယင်းကားတွင် လိုက်ပါလာသူ ကားသမားအပါအဝင် ၁၀ ဦးဖြစ်ပြီး ထိုသူတို့အနက် ပေါက်ကွဲမီးလောင်မှုကြောင့် ၄ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်။

မီးလောင်ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၄ ဦးမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူမည်ဝါခွဲခြား၍ မရသည့်အတွက် စစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းတွင်ဖော်ပြသည်။

ယင်းအပြင် သေဆုံးသူများထဲတွင် ကားသမားလည်း ပါနိုင်ကြောင်းနှင့် ဒဏ်ရာရသူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးကို ဘန့်ပအင်းဆေးရုံ သို့ပို့ထားကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ည ၉ နာရီခန့်တွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စုန်ခရာဘူရီနယ်တွင် မြန်မာလုပ်သား ၁၀ ဦးတင်ဆောင်လာသည့်ကား တိမ်းမှောက်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၇၀ ခန့် ဖမ်းဆီးခံရပြီး ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ