Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် မုန်တိုင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ခန့်ပျက်စီး

ထိုင်းနိုင်ငံတွင် မုန်တိုင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ခန့်ပျက်စီး

ABN-ရှိုင်းမိုး

ထိုင်းနိုင်ငံတွင် မတ်လ ၁၈ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်ခြေ ၆၀၀ ခန့် ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းမိုင်ခရိုင်တွင် အိမ်ခြေ ၆၀၀ခန့်ပျက်စီးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးတိုင်များနှင့် သစ်ပင်တချို့ လဲကျပြီး Mae Hia မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်ဟု ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးရုံးမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းဒဏ်ကို ချင်းမိုင်ခရိုင်ရှိ မယ်ရင်၊ ဆန်ကမ်ဖန်နန့် ဆန်ဆိုင်းမြို့အပါအဝင် မြို့နယ် ၁၇ မြို့ခန့် ခံစားခဲ့ရကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနှင့် မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရသည့် ချင်းမိုင်မြို့မှ ပြည်သူများအတွက် အကူအညီပေးရန် မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ