Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာရွေ့ပြောင်းအလုပ်သား ၁၇၀ ဦးကို နေရပ်ပြန်ပို့

ABN-နွယ်စိုး

ဇွန် ၉ ရက်

ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်မြောက်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား ၁၇၀ အား ထိုင်းအာဏာပိုင်များက ယနေ့ ဇွန်လ ၉ နေ့ နံနက်ပိုင်းတွင် ရနောင်းမြို့မှ တဆင့် ကော့သောင်းမြို့သို့ ပြန်လည် ပိုဆောင်ခဲ့ကြောင်း သိရသည်။

ထိုနေရပ်ပြန်ပို့ခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားများထဲတွင် အမျိုးသမီး ၄၉ ဦးပါဝင်ပြီး အမျိုးသား ၁၂၇ ဦးပါရှိကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၇၀ ဦးကိုထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ ရနောင်းမြို့၏ လှေဆိပ်မှတဆင့် ကော့သောင်းလှေဆိပ်သို့ စက်လှေများဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နေရပ်ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁၇၀ ဦးသည် မြန်မာနိုင်ငံဘက် ရောက်ရှိချိန်တွင် ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ