Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်ပိုင် နေဗီတစ်စီး မုန်တိုင်းကြောင့်နစ်မြုပ်၊ သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေ

ထိုင်းပင်လယ်ကွေ့တွင် ဒီဇင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီ ၃၀ မိနစ်က မုန်တိုင်းကြောင့် ထိုင်းရေတပ်ပိုင် နေဗီတစ်စီး နစ်မြုပ်သွားပြီး ထိုနေဗီတွင် လိုက်ပါလာသည့် သင်္ဘောသားများအနက် ၃၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

နစ်မြုပ်သွားသည့် နေဗီမှာ HTMS Sutkhothai အမည်ရပြီး သင်္ဘောသား ၁၀၆ ဦးပါရှိကာ ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ် ဘန်ဆက်ဖန် ခရိုင်မှ ကမ်းလွန်ရေမိုင် ၂၀ အကွာတွင် ကင်းလှည့်နေစဉ် ညည့် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရေတပ်မှ ပြောခွင့်ရှိသူ Adm Pokkrong Monthatpalin က ထုတ်ပြန်ပြောဆိုထားသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် ထိုင်းအစိုးရမှ ပျောက်ဆုံးသွားသည့် သင်္ဘောသား ၃၁ ဦးကို လေကြောင်း ရေကြောင်းအသုံးပြုကာ ရှာဖွေနေပြီး ထိုသို့ရှာဖွေစဉ် ရေပေါ်တွင် မျောပါနေသည့် အသက်ကယ်အင်္ကျီများကို Dornierနှင့် Seahawk ဟက်လီကော်ပတာ နှစ်စီးမှ တွေ့ရှိထားကြောင်း သိရသည်။

HTMS Sukhothaiသင်္ဘောမှာ မုန်တိုင်းအတွင်း စွမ်းအင်ပြတ်တောက်ကာ စက်ရပ်သွားခဲ့ပြီး ထိန်းသိမ်း၍မရဖြစ်ခဲ့သည့်အတွက် သင်္ဘောကုန်းပတ်ပေါ် ရေဝင်ကာနစ်မြုပ် သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့နစ်မြုပ်စဉ် HTMS Angthong၊ HTMS Bhumibol၊ HTMS kraburiနှင့် ဟက်လီကော်ပတာ နှစ်စီးတို့မှာ သွားရောက်ကယ်ဆယ်ခဲ့သည့်အတွက်ကြောင့် သင်္ဘောသား ၇၅ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အထဲမှ ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။

HTMS Sukhothaiသင်္ဘောကို ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ တီကိုမာမြို့မှ တီကိုမာ သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ထိုသင်္ဘောအား ၃၆ နှစ်နီးပါးခန့် လေကြောင်းရန်ကာကွယ်ရေး၊ ပင်လယ်ပြင်တိုက်ခိုက်ရေးနှင့် ရေငုတ်သင်္ဘောတိုက်ဖျက်ရေးတို့တွင် အသုံးပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်ပိုင် နေဗီတစ်စီး မုန်တိုင်းကြောင့်နစ်မြုပ်၊ သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ