သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသား ၁ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံရ

AB News- ဇူလိုင် ၁၆၊ ၂၀၂၅
ဒေဝီ

လာအိုနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့လာသည့် တရုတ်နိုင်ငံသားတစ်ဦး ပြန်ပေးဆွဲအသတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရင်းမြစ်များမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်၊ ညနေပိုင်းတွင် ပျောက်ဆုံးနေသည့် အသက် ၂၄ နှစ်အရွယ် တရုတ်နိုင်ငံသား မစ္စတာယင်၏ အလောင်းကို ထိုင်းနိုင်ငံ မဲရင်ခရိုင်၊ မဲရမ်ခရိုင်ခွဲ ဘန်ပန်ဟရူးလမ်းဘေးတစ်နေရာ၌ ပလတ်စတစ်၊ အိပ်ယာခင်းစများဖြင့် ပတ်ထားကာ ပစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းကို တရုတ်နိုင်ငံသား ၂ ဦးကပင် ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါသေဆုံးသူ၏ ညီမဖြစ်သူက မစ္စတာယင် ပျောက်ဆုံးနေကြောင်းတိုင်ကြားထားလျက်ရှိရာ ၎င်းသည် ဇူလိုင် ၈ ရက်တွင် လာအိုမှတစ်ဆင့် ချင်းရိုင်ရှိ အထူးစီးပွားရေးဇုန်မှနယ်စပ်ကိုဖြတ်ကျော်ပြီး ချင်းမိုင်သို့ ဝင်ရောက်လာသူဟု အမှတ် (၅) ခရိုင်ရဲတပ်ဖွဲ့ ရဲမင်းကြီး ယီဆက်ခ်ဟွန်းက ဆိုသည်။

၎င်းသည် ဟူးကန့်ဆိုသည့် တရုတ်သူငယ်ချင်းဖြစ်သူနှင့် ဝင်ရောက်လာပြီးနောက် ဇန်နှင့်ဝမ်ဆိုသော တရုတ်နိုင်ငံသား ၂ ဦးမှ စီးပွားရေးကိစ္စဆွေးနွေးမည်ဟုဆိုကာ မစ္စတာယင်ကို လာအိုမှ ခေါ်ခိုင်းခဲ့ကြောင်းသိရသည်။

ယင်းနောက် ချင်းမိုင်ရှိ နင်မမ်ဟေမင်လမ်း စားသောက်ဆိုင်၌ တွေ့ဆုံကြပြီး ချင်းမိုင်ရှိ ဆမ်ပက်ဝမ်အရပ်မှ ဇန်၏ နေအိမ်သို့ ၂ ဦးစလုံးကို ခေါ်သွားခဲ့ရာ ညအိပ်ပြီး နိုးလာသည့်အခါ သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ဟူကန့်သည် ကြိုးတုပ်လျှက် နိုးလာပြီး ဓားဖြင့်ခြိမ်းခြောက်မှုကြောင့် ပြန်ပေးငွေ ဘတ် ၁ သန်းခွဲပေးခဲ့ရကာ မစ္စတာယင်ကိုကြည့်ရာတွင် သတ်ခံထားရပြီးဖြစ်သည်ကို တွေ့ရကြောင်း ဟူကန့်က ထွက်ဆိုသည်။

သေဆုံးသွားသူ၏ သူငယ်ချင်းဖြစ်သူ ဟူကန့်သည် မစ္စတာယင်နှင့်အတူ စွန့်ပစ်ခံရသည်ဟု ထွက်ဆိုသော်လည်း ဟိုတယ်အနီးတွင်သာ ဖမ်းဆီး ရမိခဲ့ပြီး ပြန်ပေးဆွဲလူသတ်သမား ၂ ဦးအိမ်သို့ သွားရှာရာတွင် ဇန်ဆိုသူကို ဖမ်းမိခဲ့သော်လည်း ဝမ်သာလျှင် မစ္စတာ ယင်အား တူဖြင့် ထုသတ်ပြီး ထွက်ပြေးသွားသည်ဟု ၎င်းက ထွက်ဆိုခဲ့ကြောင်း သိရသည်။

Ref: Bangkokpost

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ