Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသားများ စီးလာသည့်ကားနှင့် ကုန်တင်ကားကြီးတို့ တိုက်မှု ဖြစ်ပွားကာ မြန်မာလုပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦးပြင်းထန် ဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၂၀ ရက်

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာ လုပ်သားများ တင်ဆောင်လာသည့်ကားနှင့် ကုန်တင်ကားတို့ တိုက်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၅ ဦး သေဆုံးကာ ၁၂ ဦးပြင်းထန် ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းမီဒီယာများအရသိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်အချိန်ခန့်တွင် ထိုင်း-မြန်မာ နယ်စပ် တတ်ခရိုင် ၊တတ်မြို့၊ ထန်လွန်မီးပွိုင့် လမ်းဆုံတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကားပေါ်တွင် ယာဉ်မောင်းအပါအဝင် မြန်မာလုပ်သား ၁၇ ဦးလိုက်ပါစီးနင်းလားပြီး ယာဉ်တိုက်မှုအတွင်း ယာဉ်မောင်းတစ်ဦးနှင့် မြန်မာရွေ့ပြောင်းလုပ်သား ၄ ဦးနေရာတွင်ပင် သေဆုံးခဲ့သည်။

ကားတိုက်မှုအတွင်း သေဆုံးသူများမှာ အမျိုးသား ၅ဦးဖြစ်ပြီး ကျန် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်အတွင်း အလုပ်လုပ်ရန် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား အစစ်ဆေးမခံပဲ အရှိန်ပြင်းစွာ မောင်းပြေးခဲ့ရာ ကားတိုက်မှုဖြစ်ပြီး အဆိုပါ ကားတွင်ပါလာသည့် မြန်မာ လုပ်သား ၁၂ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့၊ ချန်ဖူအ့်ဒေသကို ထိုင်း လဝကနှင့် ထိုင်းအာဏာပိုင်များ စစ်ဆေးရာ အဆိုပါ ဒေသတွင်း အထောက်အထားမဲ့ စားသောက်ဆိုင်ဖွင့်ထားသော မြန်မာ ဆိုင်ပိုင်ရှင်တစ်ဦးနှင့် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ဝန်ထမ်း ၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးအခြေအနေများ၊ အလုပ်ကိုင်ရှားပါမှုများကို မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရပြီး စားဝတ်နေရေး ကျပ်တည်းသည့်အတွက် တရားမဝင်နည်းလမ်းများဖြင့် ထိုင်း၊ မလေး စသည့်နိုင်ငံများကို အလုပ်လုပ်ရန် ထွက်ခွာမှုများလာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ