Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် ခရီးသွားတစ်ဦး ရထားပေါ်မှ ပြုတ်ကျပြီး သေဆုံး

ထိုင်းနိုင်ငံတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် အင်္ဂါနေ့က နိုင်ငံခြားသားခရီးသည်တစ်ဦး ၎င်းစီးနှင်းလိုက်ပါလာသည့် ရထားပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၄၅ နှစ်အရွယ်ရှိသည့် မစ္စတာ ပက်ထရစ်ခ်ဝါးဒ် အိုင်းယာလန်နိုင်ငံသားဖြစ်ပြီး ၎င်းမှာ ဘန်ကောက်မြို့ အနောက်ဘက် ကန်ချနဘူရီKanchanburi တွင် ရထားပေါ်မှ ရှုခင်းများကို ငုံ့ကြည့်ရာမှ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း ထိုင်းရဲများက ပြောသည်။

သူက ရထားတွဲတွေ တစ်တွဲနှင့်တစ်တွဲကို ကူးပြီးသွားနေတာပါ၊ ရှုခင်းကြည့်မယ်၊ ဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ နေရာကောင်းကို ရှာနေတာပါ ဟု ခရီးသည်တစ်ဦးက ရဲများကို ပြောသည်။

ထိုသူပြုတ်ကျသွားသည်ဟု သိသိချင်းမှာပင် ထိုင်းရဲများနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကယ်ဆယ်ခဲ့သော်လည်း သူ့အား အသက်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ပေ။

သေဆုံးသွားသည့် မစ္စတာ ဝါးဒ်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်ခဲ့သည်ဟု သိရပြီး ထိုင်းရဲများကလည်း ထိုအမှုအား ဆက်လက်စုံစမ်းလျက်ရှိနေသည်ဟု သိရသည်။

Ref-CNN

ထိုင်းနိုင်ငံတွင် ခရီးသွားတစ်ဦး ရထားပေါ်မှ ပြုတ်ကျပြီး သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ