သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့အပါအဝင် ဆုန်ခလာခရိုင်တွင် ၁၅ နှစ်ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၅
အမရာ

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့နှင့် ဆုန်ခလာခရိုင်အတွင်း စိုးရိမ်ရသည့် ရေကြီးမှု အခြေအနေကို ရင်ဆိုင်နေရသဖြင့် ဒေသခံပြည်သူအများအပြား နေအိမ်များတွင် ပိတ်မိနေပြီး အစားအသောက်နှင့် ရွှေ့ပြောင်းနေရာချထားရေးအတွက် အကူအညီများလိုအပ်နေကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

ဟတ်ယိုင်မြို့နှင့် ဆုန်ခလာခရိုင် ပက်ကမ်လမ်းပေါ်ရှိ ဟတ်ယိုင်မြူနီစီပယ် နာရီစင်ရှေ့တွင် ယနေ့ နိုဝင်ဘာ၂၄ ရက် နေ့လည်အချိန်တွင် ရေမြင့်တက်နေပြီး လမ်းများပိတ်ဆို့ကာ သွားလာမှုခက်ခဲနေကြောင်း သိရသည်။

“နိုဝင်ဘာ ၂၁ ရက၊ ညနေအချိန်လောက်မှာ ရေ စပြီး တက်လာတာ ဒီနေ့နဲ့ဆို ၃ ရက် ၄ ရက်လောက် ရှိသွားပြီ ပြန်မကျသေးဘူး။ သတင်းဌာနတွေကတော့ ၂၆ ရက်နေ့ထိ ကြီးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ကျနော်တို့ နေတဲ့ တိုက်ခန်းဆို လူအရပ်မြုပ်လောက်တဲ့အထိ တက်သွားလို့ အဝတ်အစားတွေရော ပစ္စည်းတွေရော အကုန်မျောပါသွားပြီ။ ခုကတော့ ဘေးကင်းတဲ့နေရာတစ်ခုကို ရွေ့ပြောင်းထားပါပြီ” ဟု ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့ သစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြောက်ဦးမြို့မှ ကိုကျော်နိုင်ဌေး က AB News သို့ ပြောသည်။

ဒေသန္တရအဖွဲ့အစည်းများက ရေကြီးမှုအခြေအနေပတ်သက်၍ အဆက်မပြတ်စောင့်ကြည့်နေပြီး ပြည်သူလူထုကို အချိန်နဲ့တပြေးညီ အကူအညီပေးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ဟတ်ယိုင်မြို့နယ်တွင် ၁၅နှစ်အတွင်း အဆိုးဝါးဆုံးရေကြီးမှုဖြစ်သဖြင့် အရေးပေါ်ခိုလှုံနိုင်ရန် စခန်း ၅ ခု ဖွင့်ထားကြောင်း သိရသည်။

လက်ရှိအချိန်သည် ဟတ်ယိုင်ဒေသရှိ ပြည်သူများအတွက် ခက်ခဲသောအချိန်ဖြစ်သော်လည်း ဒေသအာဏာပိုင်များမှ လိုအပ်သော အရေးပေါ်ဝန်ဆောင်မှုများကို စနစ်တကျချမှတ်ပေးထားသောကြောင့် မည်သည့်အခြေအနေတွင်မဆို တရားဝင်ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ဘေးအန္တရာယ်ကို စနစ်တကျ ရင်ဆိုင်ကျော်လွှားကြရန် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ