Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်သို့ ပို့မည့် မူဆလင် ၈၉ ဦး နှင့် ယာဥ်မောင်း ထိုင်းလူမျိုး ၄ ဦး လိုက်ပါလာသည့် အလုံပိတ်ကား ၃ စီးကို ထိုင်းအာဏာပိုင်များဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်သို့ ပို့မည့် မူဆလင် ၈၉ ဦး နှင့် ယာဥ်မောင်း ထိုင်းလူမျိုး ၄ ဦး လိုက်ပါလာသည့် အလုံပိတ်ကား ၃ စီးကို ထိုင်းအာဏာပိုင်များဖမ်းဆီး

ABN- မေအိအိအောင်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်သို့ ပို့မည့် အလုံပိတ်ကား ၃ စီးနှင့် ကားတွင် လိုက်ပါလာသော မူဆလင် ၈၉ ဦးအပြင် ထိုင်းလူမျိုး ၄ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းအရသိရသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့က ချုံဖွန်၊ စစ်ဆေးရေးဂိတ်တွင် အမြန်လမ်းနှင့် လူမှုကြီးကြပ်ရေးပူးပေါင်းရဲတပ်ဖွဲ့တို့က သံသယရှိသည့် ကားတစ်စီးကို တားဆီးစစ်ဆေးရာတွင် အလုံပိတ်ပစ်ကပ်ကားပေါ်၌ မူဆလင်ရွှေ့ပြောင်းလုပ်သား ၃၀ ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကားမှ ယာဥ်မောင်းကို ထိုင်းရဲတပ်ဖွဲ့များက စစ်ဆေးရာတွင် နောက်ထပ် မူဆလင်များ တင်ဆောင်လာသည့် ကားနှစ်စီးရှိသေးကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။ ထို့ကြောင့် အခြားကျန်သည့် ကားနှစ်စီးကို ထိုင်းရဲများက ကြားဖြတ်ဖမ်းဆီးခဲ့ပြီး ယင်းကား နှစ်စီးတွင် မူဆလင်ရွှေ့ပြောင်းလုပ်သား ၅၉ ဦးကိုထပ်မံဖမ်းဆီးရကြောင်းဆိုသည်။

ဖမ်းဆီးခံရသည့် မူဆလင်များနှင့် ယာဥ်မောင်း ၄ ဦးကို ထိုင်းနိုင်ငံ၊ ချုံဖွန်မြို့၊ သောင်တကိုမြို့မရဲစခန်းသို့ ပို့ဆောင်ထားပြီး ၎င်းတို့အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း ရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံ ကန်ချနပူရီ ပြည်နယ် မှ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်သို့ ပွဲစားခ တစ်ဦးကို ဘတ် ၃‌ သောင်းဖြင့် လာရောက်ခြင်းဖြစ်ပြီး အဆိုပါ မူဆလင်များမှာ ဒုက္ခသည်စခန်း (သို့) ရခိုင်ပြည်မှ မြန်မာငွေကျပ် သိန်းတစ်ရာဖြင့် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်တွင် တရားမ၀င်မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီးခဲ့သည်။

မတ်လ ၃၀ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ၊ချုံဖွန်ခရိုင် အ‌‌ဝေးပြေးလမ်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၅ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ