Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနယ်စပ်ရှိ ကမ္ဘောဒီးယားပိုင် ကာစီနိုမီးလောင်ကျွမ်းခြင်းကြောင့် လူ အနည်းဆုံး (၁၉)ဦးသေဆုံး

ထိုင်းနှင့် နယ်စပ်ချင်းကပ်လျှက်ရှိသော ကမ္ဘောဒီးယားနိုင်ငံ မြို့တွင် ကာစီနိုဖွင့်ထားသည့် ဟိုတယ် မီးလောင်ကျွမ်းခြင်းကြောင့် လူအနည်းဆုံး ၁၉ ဦးထိသေဆုံးသွားကြောင်း အာဏာပိုင်များမှ ဆိုသည်။

ဗုဒ္ဓဟူးနေ့ ၁၁နာရီခွဲတွင် မီးလောင်ကျွမ်းခြင်းစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဖြစ်ပွားသည့်အချိန်တွင် နယ်စပ်မြို့ ပွိုင်ပတ် တွင် ဆောက်လုပ်နေသော တော်ဝင်ကျောက်စိမ်းမြို့တော် (the Grand Diamond City) တွင် ရာနှင့်ချီသော လူများရှိနေခဲ့သည်။ လူမှုကွန်ယက်တွင် ပျံ့နှံနေသော ဗီဒီယိုဖိုင်တွင် တိုက်အထပ်၊အလွှာများမှ ပြုတ်ကျ၊ ခုန်ဆင်းနေကြသော လူများကို တွေ့ရသည်။

ကာစီနိုဖွင့်လှစ်ထားသည့် ဟိုတယ်တွင် အလုပ်သမား ၄၀၀ ခန့်အပ်ထားပြီး လာရောက်လည်ပတ်သူအများစုမှ ထိုင်းနိုင်ငံသားများဖြစ်သည် ဟုသိရသည်။

မီးထဲတွင် ပါသွားသူအများစုမှာ အပေါ်ထပ်များတွင် ပိတ်မိသွားသည် ဟု ယူဆရပြီး အသက်ရှင်နိုင်ဖွယ်မရှိဟု ထိုင်းလူမှုကူညီရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ရူရမ်ကာတမ်ယု ဖောင်ဒေးရှင်း (Ruamkatanyu Foundation) က မှ ပြောကြားသည်။

ကမ္ဘောဒီးယား ဘန်တေးမီးရှေး ဒေသတွင်း သတင်းပြန်ကြားရေးဌာနမှ ဒါရိုက်တာ ဆက် ဆိုခွမ် မှ သေဆုံးသူ ၁၉ဦးရှိပြီး အလောင်းများ၊ အရိုးများကိုသာ မြင်ရသည် ဆိုသည်။

ထပ်မံ၍ သေဆုံးသူ အရေအတွက်များနိုင်မည်ဟုလည်း ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပြင်းထန်သည့် မီးခိုးအရှိန်ကြောင့် အဆောက်အဦးအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ရန် အပြင်းအထန်ကြိုးစားနေရပြီး ဆက်လက်၍ ပျောက်ဆုံးနေသူများကို ရှာဖွေနေကြသည်။

ပွိုင်ပတ်မြို့သည် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြားတွင် အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံတွင် လောင်းကစားမှာ တရားမဝင်သဖြင့် ထိုင်းနိုင်ငံသားအများစု သွားရောက်ကြသည့် ကာစီနိုလုပ်ငန်းများကြောင့် နာမည်ကြီး သည့် နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

မီးလောင်ကျွမ်းသွားသည့် အဆောက်အဦးမှာ နယ်စပ်နှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး ဒဏ်ရာရသူအများစုကို ဆေးကုသရန် နယ်စပ်ကိုဖြတ်ကာ ပို့ဆောင်ထားရသည်။

တချို့ကို အနီးရှိ အာရာယာပရာထပ် မြို့သို့ပို့ဆောင်ထားသော်လည်း အရေအတွက်အတိအကျမည်မျှရှိကြောင်း မသိရပေ။

မီဒီယာများဖော်ပြချက်နှင့် အာဏာပိုင်များထုတ်ပြန်သော အရေအတွက်မှာ အလွန်ကွာဟလျှက်ရှိပြီး ဒါဇင်နှင့်ချီ၍ ဖြစ်နိုင်သည် ဟု ယူဆရသည်။

အာဏာပိုင်များမှာ မီးလောင်ကျွမ်းမှုဖြစ်ရခြင်းအကြောင်းအရင်းကို ဖော်ထုတ်ရန် ကြိုးစားနေကြသည်။

Ref-BBC

ထိုင်းနယ်စပ်ရှိ ကမ္ဘောဒီးယားပိုင် ကာစီနိုမီးလောင်ကျွမ်းခြင်းကြောင့် လူ အနည်းဆုံး (၁၉)ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ